Tuesday, December 22, 2009

အားနာတတ်သူ

| |

ဒါလေးကို ကျွန်တော့်သူငယ်ချင်းက သူလုပ်တဲ့ဘလော့မှာတင်ပေးဖူးပါတယ် အဲ့တုန်းက လူကနေမကောင်းလို့ ဘလော့မရေးနိုင်တုန်းကာလကပါ ကျွန်တော့်မှာ ရေးပြီးသား ဇာတ်လမ်းသုံးပုဒ်ရှိထားတာပါ။ သူငယ်ချင်းက ဖတ်မိပြီးသူဘလော့ လုပ်မယ်ဆိုပြီးတောင်းပါတယ် ကျွန်တော်လည်း ဘာမှလုပ်စရာမရှိတော့ပေးလိုက် ပါတယ်။ သူကအဲ့ဒီနာမည်ပါကြိုက်သွားပြီးနာမည်ပါသူယူမယ်ပြောပါတယ်။

စည်းရိုးဆိုတာအကာအရံပါ ကျွန်တော့်ရွာလေးမှာ ကျွန်တော်နေတုန်းကစာရေးရင် ဒီနာမည်သုံးပါတယ် မဂ္ဂဇင်းတွေပို့တုန်းကပါ တစ်ပုဒ်မှမပါဖူးပါဘူး အဟီး။ ထားပါ ကျွန်တော်ပြောချင်တာ ဒီစာကိုဘလော့တစ်ခုမှဖော်ပြဖူးပြီးသားပါဒါပေမယ့် သူငယ်ချင်းကဆက်မရေးနိုင်တော့ဘူးပြောပါတယ် အကြောင်းအရင်းကတော့ သူ့အိမ်ရဲ့အမိန့်အရ သင်တန်းမျိုးစုံကိုတက်နေရပြီဖြစ်လို့ပါတဲ့။

ကျွန်တော်ဆက်မတင်ပဲ ဒီအကြောင်းအရာကိုမဖော်ပြပဲထားလိုက်ရင်ရပါတယ် ဒါပေမယ့် ဒီစာမူရဲ့အဆက်လို့လဲ ခေါ်လို့ရတဲ့ ကျွန်တော့် စာမူလေးတွေမတင်ပဲ နေလိုက်ရမှာစိုးလို့ ဒီစာလေးကိုတင်တာပါအားလုံး ဒီစာလေးဖတ်ဖူးပြီးသားညီအစ် ကို မောင်နှမတွေကိုတော့ တောင်းပန်ပါတယ် မဖတ်ရသေးသူများအတွက်တော့ အားပေးပါဦး ဟဲဟဲ။

××××××××××

ကျွန်တော်ဆိုတဲ့ကောင်က လွှတ် အားနာတတ်တဲ့ကောင် အားနာစရာမရှိကြံဖန် ပြီးတော့ကို အားနာနေတော့ တာ။ ဘယ်လောက်အားနာတတ် သလဲဆိုကျွန်တော့် အစ်မ ကျွန်တော်ကိုယ်တိုင် ခိုးပေးလိုက်ရတဲ့ အထိအားနာတတ်တာ ။

အဲ့ဒီဇာတ်လမ်းကို စရမယ်ဆိုရင် ကျွန်တော့် အစ်မက စရလိမ့်မယ်ကျွန်တော့်အစ်မ ဆိုတော့ဗျာ ကျွန်တော့်လိုပေါ့ အူတူတူရယ် ဒီတစ်သက်ရည်းစားရလိမ့်မယ် လို့ဘယ်ထင်ပါ့မလဲဗျာ နော့ ။ အဲ့ဒါကိုမှ တနေ့ သတင်းတစ်ခု သိုးသိုးသန့်သန့်ရ တယ် အစ်မမှာရည်းစားရှိနေပြီတဲ့ ။

ကျွန်တော်ဖြင့်ဝမ်းသာလိုက်တာ ကဲဒီဘယ်တော့မှ စွံ့တော့မယ် မထင်တဲ့ကိုယ့် အစ်မဘုတ်သိုက် ကြီးက ရည်းစားရတယ်ဆိုတော့်ပျော်လွန်းလို့ ထန်း တောမှာကျွန်တော်သူငယ်ချင်းတွေကိုအ၀တိုက်ပြီး အစ်မအတွက်ဂုဏ်ယူပစ်လိုက် တယ်ဗျာ ကဲပြီးကရော ။

အားလုံးကောင်းပါလျှက်နဲ့ ဆိုးနေတာက ကျွန်တော့်အစ်မရသွားတဲ့ရည်းစားက ကြက်ဆိုလည်း မဆိုစလောက်လေးနည်းနည်းပါးပါး ၊ ဖဲဆိုလည်းလက်တစ်ဆစ် စာလောက်၊ အရက်ဆိုလည်း ပုလင်း တစ်လုံးနှစ်လုံးရယ် လုပ်တတ်ကိုင်တတ် ချတတ်တယ်ဗျ။ ရွာမှာတော့ နာမည်ကြိးပေါ့ဗျာ သူ့နာမည်က မြင့်ဦးတဲ့ အို ဘာပဲ ဖြစ်ဖြစ် ကိုယ့်အစ်မဘုတ်ထိုင်းကြီးကို မျက်စိလည်လမ်းမှားပြီး ကြိုက်တာတောင် ကြံဖန်ကျေးဇူးတင်ရဦးမယ် ။

ဒီလောက်အစားပုတ်အပျင်းထူ ဒီအရွယ်ထိအိပ်ယာထဲသေးစက်စက်ယိုတတ် သေး တဲ့ကိုယ့်အစ်မကို ဒင်းက ကြိုက်တယ်ဆိုတော့ တွေးကြည့်ရင် အားနာစရာတော့ ကောင်းသားဗျ အင်းလေဒါကလည်း သူ့ထိုက်နဲ့ သူ့ကံကို ရွှေနဖူးစာမင်ရည် တောက်တောက်ကျတော့လဲ ဘယ်ဒင်းနဲ့ဖျက်မတုန်းဗျာဟုတ်ဘူးလား။

တနေ့ အဲ့ဒီတနေ့ပေါ့ဗျာ အစ်မအကြောင်းကို အဖေရယ်သိသွားတဲ့နေ့ တနေ့ပေါ့ ပြဿနာက အဲ့ဒီမှာစတာပဲ
ဒီ အရက်သမားကြက်သမားနဲ့ ပေးစာမယ့် အစား ခွေးကို ဟိုဒင်းဖြတ်ပြီးပေးစားပစ် မယ်ကွ
ဟင် အဖေ ခွေး ကိုဘယ်ဒင်းဖြတ် ပေးစားမှာလဲဟင်
အန္တရာယ် ပေးနိုင်တဲ့ဟာ ဖြတ်ပေးစားမှာပေါ့ကွ
ဟင် အန္တရာယ်ပေးနိုင်တဲ့ဟာက ဘာလဲဟင် အဖေ
တောက် မင်းက တမှောင့် အမြီး ကွ အမြီး သိပီလား
သြော် အမြီး ကိုး ဒါနဲ့ အမြီးက ဘယ်လို အန္တရာယ်ပေးနိုင်တာလဲဟင် အဖေ
ခွေး…သား …မင်းငါ့ကိုဒေါသထွက်အောင်လုပ်နေတာလား.
ဟင်.. ဒါဆို အဖေလည်းအန္တရာယ်ပေးနိုင်တဲ့ဟာ အဖြတ်ခံထားရတာပေါ့
ဘာ.ကွ
အဖေပဲ ခွေး..သား ဆို
တောက် ..စည်း…ရိုး
ဝမ်းခေါင်းသံကြီးနဲ့အော်လိုက်တဲ့ အဖေ့ အသံကြားကတည်းက ကျွန်တော်ဖနောင့် နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးပြီးသား

အဖေကဘယ်လောက်ဒေါသထွက်နေသည် မသည့် နေ့လည်ကတည်းက ကျွန်တော့် ကိုပတ်လိုက်နေတာ ညနေမှပြန်ရောက်လာတယ် ပြန်လာတော့ အမေ က စောင့်ကြိုနေတာတွေ့တော့ အဖေ့ဒေါသနည်းနည်းပြေသွားတယ်

ပြန်လာပြီလား ကိုကျော်အုံး
အေးကွာ ဒီကောင် ငါ့သားလို့ မပြောရဘူး အရှောင်အပုန်းရယ် တော်တော် တော်တာကိုးကွ
တော်လား မတော်လားတော့ မသိဘူးရှင်ထွက်သွားပြီးကတည်းက သူကပြန်လာ ပြီးအိပ်နေတာ အဖေဒေါသတွေ ပြေတဲ့အထိလိုက် ပါစေတဲ့ မဟုတ်ရင်ထွက်နေတဲ့ အဖေ့ ဒေါသတွေကို အားနာစရာ ကောင်းလွန်းလို့ပါတဲ့
ဘာကွ ခွေး..အဲ..အဲ..တောက် .ဒီကောင်တော့လား

အဲ့ဒီနေ့နောက်ပိုင်းက စပြီး ကျွန်တော်တို့အိမ်မှာအဖေကအမိန့်တစ်ခုထုတ်တယ် ဒီနေ့က စပြီးလူကင်း စောင့်ရမယ်တဲ့ စောင့်ရမယ့် သူက အဖေရယ်ကျွန်တော်ရယ် နှစ်ယောက်တည်း စောင့် စောင့်ရမှာက အစ်မ ကို။ ဟို မြင့်ဦးဆိုတဲ့လူကလည်း ကြွေးကြော်တယ် ရအောင် ခိုးမဟေ့တဲ့ ။ ကျွန်တော်ဖြင့် အားနာလိုက်တာလေ ဘယ်နှယ့်ကိုယ့်အစ်မ ဘုတ်ထိုင်းကြီးကို အနစ်နာခံယူမယ့် လူကိုများ ဒီလောက် အခက်တွေ့စေရသလားလို့ ကျွန်တော်သာဆို တစ်ခါတည်းရော့အင့် ဆိုပေးစား ပစ်မှာ..။

အစ်မကလည်းလွမ်းလို့ထင်ပါရဲ့ တစ်ခါလွမ်းတိုင်း ထမင်းတစ်ခါထထစားနေတာ အလုပ်ကလည်းမလုပ်ခိုင်းဆိုတော့ နဂိုဘုတ်ထိုင်းကြီးကနေ ရာဝင်အိုးလေးလို လုံးပွပွလေးကိုဖြစ်လို့ အမယ်ကိုယ့်အစ်မမို့ပြောတာမဟုတ်ဘူးတကယ့် လုံးပွပွ လေးကိုဖြစ်လို့ ဟိုက ဒီလုံးပွပွလေးကိုပဲကြိုက်တာနေမှာ။

အဲ့ဒီ့ညကပေါ့ ကျွန်တော့်ကင်းစောင့်တဲ့အလှည့် နဂိုကမှ ကျွန်တော်က လွှတ်ပေး စားနေချင်တဲ့ကောင်ဆိုတော့ အိမ်က ခြံမဟား ဒယားလုံတဲ့ အဖေ့အချစ်တော် ခွေး ကြီး ရန်မွှေ ဟုတ်တယ် မွှေလွန်းလို့ ရွာ စီကနဲဟေ့ဆိုမကြည့်နဲ့ ရန်မွှေ အဲ့လောက် ကို နာမည်တစ်လုံးနဲ့နေတဲ့ကောင် အဲ့ဒီကောင်ကို ညနေကတည်းက အဆီအစိမ့် တွေနင်းကန်ကျွေးပြီး နောက်ဖေး နွားတင်းကုတ် ထဲသွားချည်ထားလိုက်တယ် မှတ်ကရော ဒါမှပဲ ယောက္ဖလောင်းက လွတ်လွတ်ကျွတ်ကျွတ်အဆင်ပြေပြေ လာ ခိုးနိုင်မယ်မလား။ ကျွန်တော်က ရေလာမြောင်းဖောက်ပေးထားတာလေ

ချွတ်ကနဲ ဆိုတဲ့အသံကြားလိုက်ကတည်းက ဒါယောက္ဖလောင်းကြီးဆိုတာ သိပြီး သား အသာလေးမသိမသာခေါင်းလေးစောင်းကြည့်လိုက်တော့ အံမယ် မဲမဲ မဲမဲ နဲ့ ဒီလိုတော့ လည်း ငါ့ယောက္ဖလောင်းကြီးက စွန့်စားရဲသားဟ လို့ပီတိတွေကျိတ်ဖြစ် လို့ ဘာပဲဖြစ်ဖြစ် ကိုယ့်အစ်မ ရာဝင်အိုးလုံးပွပွလေးကို ပေးရမယ့်ကိစ္စဆိုတော့ နည်းနည်းတော့မျက်နှာပူသားဗျ

မကြာပါဘူး လုံးလုံး လုံးလုံးနဲ့ ထလာတဲ့အစ်မကိုတွေ့လိုက်ရတယ် ဘာတွေပြော နေကြတယ်ရယ်မသိပါဘူး ကြာလိုက်တာ ဒီပုံစံအတိုင်းဆိုအဖေသိကုန်တော့မယ် မထူးပါဘူးကွာ ပို့မယ်ပို့ အိပ်ယာထဲရောက်အောင်သာပို့ဟ ဆိုပြီး ကျွန်တော်ညနေ ကတည်းကပြင်ဆင်ထားတဲ့ ကျွန်တော့်အ၀တ်အစားထုတ်ကလေးကောက်ဆွဲပြီး ထ။

အနားရောက်တော့ နှစ်ယောက်စလုံးတုန်တက်သွားတယ် ကျွန်တော်က လေသံ တိုးတိုးတိတ်တိတ်နဲ့ပြောယူရတယ်
အစ်မ မကြောက်နဲ့ ကျွန်တော်ပါ လာ ကျွန်တော် စီစဉ်ထားတာရှိတယ်ကျွန်တော် နှစ်ယောက်စလုံးရဲ့လက်ကိုဆွဲပြီး အိမ်ပေါ်ကနေတိတ်တိတ်ဆင်းခဲ့တယ် ပြီးတော့ ညကတည်းက စီစဉ်ထားတဲ့နောက်ဖေးလယ်ကွင်းဆီကလှည်းဆီခေါ်ခဲ့တယ် ကိုယ့် အစ်မရာဝင်အိုး လုံးပွပွကိုတစ်သက်လုံးလုပ်ကျွေးမယ့် သူဆိုတော့ အားနာ လို့ကိုယ်တိုင်ခိုးပေးရတာ

လှည်းပေါ်ရောက်တဲ့အထိ အားလုံးအစီအစဉ်တကျဘာမှ မှားယွင်းမှု့မရှိ ညက လည်းလမိုက်ညကိုးဗျ မည်းမည်း မည်းမည်းနဲ့ဘာမှကိုမြင်ရတာမဟုတ်ဘူး တော် သေးတာပေါ့ ကိုယ့်ရပ်ကိုယ့်ရွာဆိုတော့ကာ မျက်စိမှိတ်သွားတောင် ရတဲ့နေရာ တွေဆိုတော့ ပြဿနာကမရှိ လှည်းကိုအေးအေးလူလူ မောင်းရင်း

ဟင် အနံ့တစ်ခု ဒါလူသေးနံ့ပဲ

ဘယ်သူ့သေးနံ့လဲဟ

ကျွန်တော်ပါခင်ဗျ
အသံကတုန်ချိချိလေး ကြောက်လွန်းလို့ထင့် အေးပေါ့လေ သူ့ခမျာ့ဒီလောက်စွန့် စားပြီး လာခိုးရတာဆိုတော့လည်းကြောက်ရှာမပေါ့
ဘာမှမကြောက်နဲ့တော့ သိလားယောက္ဖကြီး ကျုပ်အစ်မ ကျုပ်ကိုယ်တိုင်ခိုးပေး တာပါဗျ ရေကန်အသင့်ကြာအသင့်ပါဗျ ဟဲဟဲ လမ်းတစ်လျှောက်လေ လေးတစ် ချွန် ချွန် သီချင်းလေးတကြော်ကြော်နဲ့ပေါ့ဗျာ ပျော်လွန်းလို့

အာရုဏ်ကျင်းပြီးအလင်းသဲ့ သဲ့မျှ မြင်ရပြီ သတ်မှတ်ထားသည့်ရွာသို့ရောက်တော့ မည်။ လမ်းတစ်လျှောက် နောက်ကနှစ်ယောက်ကတိတ်ဆိတ်လို့ နောက်လှည့် ကြည့်တော့အံမယ် နှစ်ယောက်စလုံး ခွေခွေလေးခင်ဗျ ။

ကဲ .အစ်မရေ ရွာရောက်တော့မယ်ဗျ ထတော့ ထ.ထ
ကျွန်တော့်နှိုးသံ ကြားတော့ နှစ်ယောက်စလုံး ယောင်တောင်တောင်နှင့်ထလာ သည်။
ဘယ်ရောက်နေတာလဲဟင်
နှစ်ယောက်စလုံးထံမှ အသံထွက်လာသည့် အမယ်အသံနှစ်ခုကညီလို့
အစ်မတို့ နေရမယ့်ရွာကိုလေဗျာ ရောက်တော့မယ်
ဟင်..ဟင် ခင်.ဗျား ဘယ်သူတုန်း
သူခိုးလေ သူခိုး နာမည်က ငရိုးတဲ့
ဟင် ခင်ဗျားကဘယ်နှယ့် ကျုပ်တို့နဲ့ပါလာတာတုန်း
မင်းပဲ ငါ့ကို အတင်းဆွဲခေါ်လာတာလေ
ကျုပ်ဆွဲ တာ ကျုပ်ယောက္ဖကိုပါဗျ ခင်ဗျားကို မဟုတ်ပါဘူး
ဟုတ်ပါတယ် ဟုတ်တာမှ ဟုတ်..ဟုတ်..ဟုတ် ကိုမြည်နေတာပဲ
ဟင် ..ဒါဆို ခင်ဗျားက ကျုပ်အိမ်ပေါ်ဘာတက်လုပ်တာလဲ
ခိုးတာလေ တက်ခိုးတာ
ဟင် အစ်မ နင်ကကော သူ့ကိုနင့်ရည်းစားမှန်း မသိဘူးလား
သိတယ်လေ သိသားပဲ
ဟင် ဒါဆို ဘာလို့ ဘာမှ မပြောတာလဲ
အို ..မောင်လေး ပဲ အစ်မကိုလက်အတင်းဆွဲခေါ်လာတာလေ ပြီးတော့ ဟိုဟို
ဘာ..ဟို..ဟိုလဲ
အို..မောင်လေးကလည်း အစ်မ မှ တစ်ခါမှ မတစ်ခါဖူးတာလို့
ဟင် ဘာ တစ်ခါမှ မတစ်ခါဖူးတာလဲ ဟို သူခိုး ခင်ဗျားကရော ဘာလို့ငြိမ်နေတာလဲ
အို မပြောနဲ့လေ ဒီလောက် ရေအသင့် ရာဝင်အိုး အသင့်ဖြစ်တောကို ကျုပ်က ငြင်းစရာ လား
တောက် ..ခင်ဗျားတော့လားဗျာ
မောင်လေး
ညီလေး
ဘာတုန်း
တစ်ခါတည်းပါကွာ
ဘာတစ်ခါတည်းလဲ ဟင် တစ်ခါမှ မတစ်ခါစေရဘူး စည်းရိုးတဲ့ကွမိုက်လို့ကိုယ့်အစ် တောင်ကိုယ်တိုင်ပြန် ခိုးပြီးပေးတာ ပို့မယ်ပို့ ဟိုဒင်းရောက်အောင်ပို့မယ် လာခဲ့ကြ လာ။


ဟက်ဟက်ပက်ပက်ရယ်မောနိုင်ကြပါစေ

ရိုးရာ





Image and video hosting by TinyPic

0 comments:

Ir arriba

Post a Comment

အခုလို တခုတ်တရ လာရောက်မှတ်ချက်ပြုတာကို
ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့အားလုံးစိတ်၏
ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ..။

welcome from my love home

အကြံပေးလိုလျှင် deathnote.LLLLLL@gmail.com


အော်လံ

သူတို့မှတ်ချက်တွေ

ရိုးရာတို့ပျင်းချိန်

BloggerStop

တမင်လမ်းမှားကြ သူများး)))

 
 

Diseñado por: Compartidísimo
Con imágenes de: Scrappingmar©

 
Ir Arriba