Wednesday, October 28, 2009

“အ“ ဆိုမှ “အ” ပဲ

| | 4 comments

1. what is your name
၁။ နာမည်က : အိပ်မက် (လင်းနေ+ချစ်နန်းဝိုင် နှစ်ယောက်ပေါင်းအိပ်မက်တဲ့း) )
2. A four Letter Word
၂။ စကားလုံးလေးလုံးနှင့်စာလုံး : အိပ်မက်ခြေရာ ဟဲဟဲဟဲ မိုက်တယ်နော်း))
3. A girl’s Name
၃။ ကောင်မလေးတစ်ယောက်နာမည် : အိန္ဒြာ (ဆရာမ အိန္ဒြာပါ)
4. A boy’s Name
၎။ ကောင်လေးတစ်ယောက်နာမည် : အိပ်မက်ပေါ့ ခက်တာ မှတ်လို့ နော့ ဟဲဟဲ
5. An occupation
၅။ အလုပ်အကိုင် : အိပ်မက် မက်သည် (ဘယ်လောက်ကောင်းလိုက်တဲ့အလုပ်လဲ နော်)
6. A color
၆။ အရောင် : အဖြူရောင် ( ကျွန်တော် ကြိုက်တာပြောတာ ကိုနန်းဝိုင်တော့ဘာကြိုက်သည်မသိး)) )
7. Something you’ll wear
၇။ ကိုယ်ပေါ်မှာဝတ်တဲ့အရာတစ်ခုခု : အီမို တွေဝတ်တဲ့အကျီ င်္ဒီဇိုင်းး)))
8. A food
၈။ စားစရာတစ်ခုခု : အုန်းထမင်း (ပြောရင်း သရေတောင်ယိုလာပြီ ဂလု ဂလု)
9. Something found in the bathroom
၉။ ရေချိုးခန်းထဲမှာတွေ့နိုင်တဲ့အရာ : အ၀တ်အစားတွေ ( ရေချိုးခန်းဆိုမှတော့ အဲ့ဒါတွေပဲတွေ့နိုင်တာပဲ)
10. A place
၁၀။ နေရာတစ်နေရာ : အိမ်သာ (ရေးရင်းဘိုက်နာလာလို့ထည့်လိုက်တာအဟီး အမယ်လေးကျွတ် ကျွတ် ကျွတ်)
11. A reason for being late
၁၁။ နောက်ကျရခြင်းအကြောင်းအရင်း : အိပ်ကောင်းတုန်းမို့လို့ ကျွန်တော်က အိပ်ပုပ်ကြီးလေ အဟဲ
12. Something you’d shout
၁၂။ အော်ပြောလိုက်ချင်တဲ့တစ်စုံတစ်ခု : အောင်ပြီ အောင်ပြီ အောင်ပြီ (ဘာအောင်တာလဲဆိုတာတော့ ကိုနန်းဝိုင်ကိုမေးကြည့်ကျ သူကအော်ဆိုလို့အော်ရတာအဟိ)
13. A movie title
၁၃။ ရုပ်ရှင်ကားနာမည် : အထာလေးတွေရှိတယ် (လမ်းမှာကြော်ငြာဖတ်လာတာ မကြည့်ရသေးဘူး ကိုယ်ကကြိုက်မှ မကြိုက်ပဲဟာနော့း)) )
14. Something you drink
၁၄။ သောက်စရာတစ်ခုခု : အုန်းရေ (အဲ့ဒါ မိန်းကလေးတွေ မှသောက်ကောင်းတယ်ဆိုလား လမ်းထဲက ဦးလေးကြီးပြောတာ သားလည်းမသိဘူး )
15. A Musical group
၁၅။ တီးဝိုင်းနာမည် : အိုင်းရင်းခရော့ (လေးဖြူ၊အငဲ၊မျိုးကြီး ဆို သိပ်ကြိုက်ကိုးဗျ rocker တော့မဟုတ်ဘူးနော် rapper ဟဲဟဲ )
16. An animal
၁၆။ တိရစ္ဆာန်တစ်ကောင်နာမည် : အုံးအွမ် အုံးအွမ် အုံးအွမ် အဲ့လိုအော်တဲ့အကောင်း)))
17. A street name
၁၇။ လမ်းနာမည် : အဝေရာလမ်း
18. A type of car
၁၈။ ကားတစ်စင်း : အဲယားကွန်းဘတ်စ် (အေးမှအေး မယုံလာစီးကြည့် လေလေးတဖြူးဖြူးနဲ့ အပေါက်ဝထိုင်ရင်ပြောတာပါ အဟား )
19. The title of a song
၁၉။ သီချင်းခေါင်းစဉ် : အခုနေမင်းနဲ့တွေ့ရင် (ဟဲလေး ၊ နီတာ )
20. A verb
၂၀။ ကြိယာ : အီး တနည်းအားဖြင့် မစင် တနည်းအားဖြင့် ချေး တနည်းအားဖြင့် ချီး (ဒီဟာတော့ အစ်ကိုအိမ်ဆီကခိုးလာတာ အဟိ ပိုင်တယ်ကွာ နော် )
မဆုမွန်ရေ ရေးတာနောက်ကျတဲ့အတွက်တော့ခွင့်လွှတ်ပါဗျာ လူနဲ့စိတ်နဲ့သိပ်သဟာဇာတ မတည့်ဖြစ်နေလို့ပါ
ကျွန်တော်နေလည်းကောင်းပါပြီ စိတ်လည်းကောင်းပါပြီ အဲ့တော့ ဘလော့ဘက်ခြေဦးလှည့်နိုင်ပါပြီး))

Image and video hosting by TinyPic
leer más...

Wednesday, October 21, 2009

This is my lost

| | 15 comments


ခုတစ်လောသူများတွေ သီချင်းဆိုတာတွေ့တော့ ကျွန်တော်လည်း သီချင်းဆိုချင်လာတယ်။ ကျန်းမာရေးက လည်းမကောင်း လူငယ်တို့ဘာသာဘာဝ ရင်ဘတ်ကလည်းနာထားတော့ နေမကောင်းတာနဲ့ပေါင်းပြီးလူက မျော့မျော့ပဲကျန်တော့တယ် ။ အဲ့ဒီမျော့မျော့လေးနဲ့ပဲ အသံကုန်ဟစ်ရတော့မှာပဲ .. ကဲစဆိုပါပြီ သီချင်းနာမည်က ဒီလိုလုပ်လိုက်ပါလားတဲ့ …ဟဲဟဲ

Xxx မကျေနပ်ရင်လည်း..အသေပဲသတ်သွား..ဘာမှမထူးဘူးနင့်ကြောင့်ငါ့ဘ၀က..နင်ပြောတဲ့စကားအကုန်မှား ပေမယ့်..ကြာတော့လည်းပဲ..တကယ့်အမှန်တရားဖြစ်သွား…အနှစ်တွေအချစ်တွေ..မြောင်းထဲရောက်သွား အရစ် ရှည်အပြစ်တွေ ငါနဲ့နင်ကြား..မဖြစ်တော့ဘူး…..လစ်ရင်လည်း..လစ်လိုက်ပါ..
leer más...

Thursday, October 15, 2009

သတိရလျက်ပါ အမေ........(ချစ်နန်းဝိုင်)

| | 18 comments

ခြေတစ်လုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော် လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာတစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။

လွန်ခဲ့သော(၃)နှစ်က မွေးရပ်မြေ လေယာဉ်ကွင်းမှ အစပြုလို့ကမ္ဘာကြီးကိုစူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ (၃)နှစ်တာကာလအတွင်း ဘာစီလိုနာမှ မက်ထရစ်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ ဖူးသော နိုင်ငံများ (၂၀) ကျော်ခဲ့သည်။

နေရာသစ် တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကိုလွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည် ဘ၀၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့် အတွက် အင်အားပိုဖြစ်စေခဲ့သည်။

အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာတကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ ကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်ပါသည်။

အမေ (၇၅) နှစ်ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။ ကျွန်တော် ပြန်လာခဲ့မည့်အကြောင်း အမေကိုဖုန်းဆက် အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။

မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာများမှတ်၊ ကျွန်တော် ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။

အသက်(၇၅)နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ ကျွန်တော် ပြန်လာ ဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။ အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။

တကယ်တမ်း အမေနှင့်တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေတော်တော် အိုစာသွားခဲ့ပါလား ။

အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင် ချက်ပြုတ် တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများအရင်နှင့် မတူတော့။

ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကိုကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့ တွေ့ချင်လို့ ပဲလေ။

အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ် ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော (၁၀)နှစ်ခန့်က အမေအပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများ ဖြစ်သည်။

ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး ပြောတော့သည်။ ကျွန်တော်
စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျ နေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။

မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။

အခြေအနေများသည် ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော် တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် “ငါလှုပ်ရှားနိုင်သေးတယ်။ ငါမအိုသေး” ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။

ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။ အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟုအမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေ ပြီဖြစ်ကြောင်းကို ကျွန်တော်အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။

နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကား လမ်းကြောင်း လွဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာ ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။

ကျွန်တော်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေ သိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့ အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။ မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။

ကျွန်တော်တွေဝေနေသည့် အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။ ကျွန်တော် ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။

“ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့် ကိုပြပါလား” အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။ ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။ “ငါအိုသွားတဲ့အခါ”ဟုခေါင်းစဉ် တပ်ထားသော ၂၀၀၄နှစ် ၁၂ လပိုင်း ၆ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။
ဆောင်းပါးလေးမှာ

“ငါအိုသွားတဲ့အခါ”

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင်
ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။

ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော်စာကြည့် စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော်လို့ဘ၀တူ အမိမြေကိုခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကိုဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို
စားချင်ကြောင်း...............

ရာသီ အလီလီပြောင်းခဲ့လည်း
မနေ့တစ်နေ့ကလိုပဲ အမေ
ဘယ်ဆီဘယ်ရပ် ဘာဌာနေဘဲ
ရောက်နေနေ...
အမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။

မြို့ပြတစ်ခုရဲ့ရင်ခွင် သားဝင်ကာနားခို
အမေ့ရွာလောက် မပျော်ဘူး။
မိုးမျှော်တိုက်တွေက ခိုင်ခံ့
အမေ့တဲအိုလောက် မလုံခြုံဘူး။
ပီဇာတွေ၊ ဘာဂါတွေစား
အမေ့ ထမင်းကြမ်းလောက် မမြိန်ဘူး။
မြို့ပြတွေရဲ့ နေရောင်ခြည်
အမေ့ ရင်ခွင်လောက် မနွေးထွေးဘူး။

နီယွန်မီးတွေ ထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။

“ဘယ်တော့မှ မငိုနဲ့ ”.....တဲ့
အမေ့ရဲ့ အမှာစကားတစ်ခွန်း
သားအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။

ဘ၀မှာ အမေသာစံပြ
အမေ့ ကိုနမူနာယူလို့
အမေတူသား ပီသစွာနဲ့
ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ
အံကြိတ်လို့ ဟန်ချက်ညီညီ ကရင်း
အမေ့ကိုလွမ်းဆွတ် သတိရလျက်ပါ အမေ။

သူငယ်ချင်း တစ်ယောက်နဲ့ အတူတူ ခံစားခဲ့ရတာလေးတွေ ပါ အဝေးရောက်နေတဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ လည်း ဒီလို ဘဲ ခံစားရမယ်လို့ ထင်ပါတယ် ....ခုတော့ လွမ်းစရာချစ်သည်း တစ်ယောက်ပါ ရှိနေပြီးဗျာ...ဟိ.
ကြုံတုန်းလေး ကြွားလိုက်တာ ........
အားလုံးပျော်ရွှင်ပါစေဗျာ ...
ခင်မင်လျက်..
ချစ်နန်းဝိုင်
leer más...

Tuesday, October 6, 2009

ချစ်တာအပြစ်လားဗျာ.(ချစ်နန်းဝိုင်)

| | 12 comments

( ဒါလေး ကို သူငယ်ချင်းတစ်ယောက် ပို့ ပေးလိုက်တာပါ ... သူရဲ့ အဖြစ်မှန်လေး ထင်ပါတယ် သူနာမည်ကို သူကိုယ်တိုင်ပေးထားတာတော့ ဓါးကိုက်နတ်ဆိုးဆိုဘဲ ဘယ်လောက်တောင် သတ္တိရှိလဲဆိုတော့ သူချစ်တဲ့ ကောင်မလေး ကိုချစ်တယ်လို့ ဖွင့်တောင် မပြောရဲဘူးတဲ့ဗျာ .ကျွန်တော် ထင်တယ် ဒီကောင် ကောင်မလေး ကိုချစ်တယ်လို့  ဖွင့်မပြောရဲတာနဲ့ ကောင်လေးကို သွားကြိုက်လိုက်တာဖြစ်မယ် ..)ဟိဟိ..း));)
"ဟာ သားမှာချစ်သူရှိတယ်ဟုတ်လား။"
ဒါကဖေဖေပြောလိုက်တဲ့စကားပါ။ တော်တော်လဲပျော်နေပုံရပါတယ်။

"ငါ့သားကဒီလိုတော့လဲဟုတ်သားပဲကွ
၊ ကဲငါမပြောဘူးလား ပတ္တမြားမှန်နွံမနစ်ပါဘူးလို
့"
ထပ်ဆင့် ဖေဖေ့အသံပါ။ သူတော်တော်ကျေနပ်နေပုံရပါတယ်။
ဟုတ်တယ်သူတော်တော်ပျော်နေတာပါ။

"သီတာရေ မင်းသားမှာချစ်သူရှိနေပြီတဲ့ကွ၊ လာစမ်းပါအုံး၊ ကဲပြောသား
သားချစ်သူကိုဘယ်တော့ခေါ်လာမလဲ၊ ဖေဖေ့ကိုပြော၊ ဖေဖေအားလုံးစီစဉ်ထားမယ်"

ဖေဖေမေမေ့ကို ဒီလိုမခေါ်တာကြာပါပြီ မေကြီးရေလို့ ပဲခေါ်နေကြပါ။ ကျတော်တို့ 
မိသားစုလေးထဲမှာ ဖေဖေက အိနြေ္ဒအရှိဆုံး ခံစားချက်တွေကိုလဲ
အပြင်ကိုထုတ်မပြတတ်ဘူး။ ခုတော့ မေမေ့ကို ငယ်မူအတိုင်းသီတာလို့  ခေါ်လိုက်ထဲက
ဖေဖေ ဘယ်လောက်ပျော်နေလဲဆိုတာ သိသာပါတယ်။

ဖေဖေဆိုလို့ ကျတော်တို့ မိသားစုအကြောင်းလေးလဲပြောပြရအုံးမယ်။ ဖေဖေကတပ်မတော်က
အရာရှိကြီးတယောက်ပါ မိသားစုပေါ်မှာ လေးနက်တယ်၊ တည်ကြည်တယ်၊ ဘယ်တော့မှ
အပြုံးအရီနဲ့ ရွှတ်နောက်နောက်စကားမပြောတတ်ဘူး။ မေမေကတော့
အငြိမ်းစားကျောင်းအုပ်ကြီးဆိုပါတော့။ သားသမီးတွေအပေါ်မှာ တပည့်လေးတွေလို
သွန်သင်သင့်တာသွန်သင်တယ်၊ စည်းကမ်းပိုင်းမှာတော့စံပါပဲဗျာ။

ဟုတ်ကဲ့ကျတော် ကျတော်ကတော့ မိသားစုဝင်ထဲက အငယ်ဆုံးအထွေးဆုံးနဲ့ 
အလိုလိုက်ခံရဆုံးပေါ့။ ကျတော့်အပေါ်မှာ အမချည်းပဲ သုံးယောက်ရှိပါတယ်။
မမကြီးကအစမမငယ်ထိ ကျတော့်ကို ချစ်လိုက်တာပြောမနေနဲ့  ကျတော်ကလဲကျတော်ပဲလေ
ရလလောက်ကို နွဲ့ ဆိုးဆိုးခဲ့တာချည်းပဲ။
အမသုံးယောက်တင်မကဘူး အမတွေရဲ့ သူငယ်ချင်းတွေနဲ့ ပါ ကျတော်ကဆိုးခဲ့တာ၊
ခင်ခဲ့တာဗျ။

အမတွေနဲ့ ကလဲအသက်ကွာတယ် အမငယ်တောင်ကျတော့်ထက် ၇နှစ်လောက်ကြီးတာ။ ဖေဖေတို
့အသက်ကြီးမှကျတော်ရခဲ့တာဆိုပဲ။ ကျတော်မွေးခါစက မေမေ့ကိုဖေဖေက
သီတာရေဆိုတာထပ်နေတာပဲတဲ့ မမကြီးကို မွေးပြီးထဲက ဖေဖေကမေမေ့ကို မေကြီးလို
့ပဲခေါ်ခဲ့တာ။

အမတွေကြားကြီးခဲ့တဲ့သူလို့ ပဲပြောရမှာပေါ့။ ဟီးပြောရရင်ကျတော်နဲနဲနွဲ့ တယ်ဗျ။
ငယ်ငယ်ကဆိုအမတွေက အချစ်ပိုခဲ့တာဆိုတော့ သူတို့ အမြတ်တနိုးထားတဲ့
အလှပြင်ပစ္စည်းတွေဆိုတာ ကျတော်ကလွဲလို့ ဘယ်သူမှကိုင်ခွင့်မရှိခဲ့ဘူးလေ။

"ဟဲ့ငါ့နှုတ်ခမ်းနီဘယ်သူလာဆိုးသွားလဲ ထက်ပိုင်းကိုကျိုးသွားတယ်။ အလတ်မနဲ့ အငယ်မ
နင်တို့ လားပြော"

"အာမကြီးကလဲ လတ်နဲ့ ငယ်တို့  မသုံးပါဘူး။ မောင်မောင်ပဲဖြစ်မှာပေါ့။
သူဆော့တာနေမှာ"

"အေးအေးဒါဆိုလဲထားလိုက်တော့၊ နင်တို့ ယူသုံးတယ်ထင်လို့ ၊ မောင်မောင်ဆိုရင်တော့
ထားလိုက်တော့ သူကအငယ်လေ"

အဲ့လိုအဲ့လိုကို ကျတော့်အပေါ်မှာအလိုလိုက်ခဲ့ကြတာ။ ကျတော်ကလဲအမတွေရဲ့
ပစ္စည်းတွေဆို အရမ်းကို သုံးကြည့်ချင်တာ။ ကျတော့်ကိုဝယ်ပေးခဲ့တဲ့ သေနတ်ရုပ်ထက်
ဝက်ဝံလေးကိုမှပိုချစ်တာ၊ မော်တော်ကားရုပ်ထက် ပူးရုပ်လေးကိုမှဖက်အိပ်ချင်တာ။
မမတွေကလဲ မောင်မောင်တွက်ဆို အကုန်ရတယ်ပဲ။
ကျတော်ဒီလိုနဲ့ မမတွေနဲ့ ပနံသင့်ခဲ့တယ်ပေါ့ဗျာ။

ဖေဖေကတော့ သိပ်မကြိုက်ခဲ့ဘူးပေါ့။ သားလေးတယောက်ရှိပါတယ် အမတွေနဲ့ တရုံးရုံး၊
အမသူငယ်ချင်းတွေနဲ့ လဲ ဆော့တာဆော့ရဲ့ပေါ့။ ကြာရင်မိန်းကလေးစိတ်ပေါက်မယ်ဆိုလား။
မေမေကတော့ပြောပါတယ်။ မဖြစ်နိုင်တာ သားလေးကငယ်သေးလို့ ပါပေါ့။ ဒီလိုနဲ့ ဖေဖေနဲ
့မေမေ ခဏခဏလဲစကားများပေါင်းများပြီ။

ဒီလိုနဲ့ ကျတော့်ငယ်ဘ၀တွေကတဖြည်းဖြည်းကုန်ဆုံးဆိုသလိုပေါ့။
မမတွေလဲအိမ်ထောင်ကိုယ်စီဆိုပါတော့။ ဖေဖေလဲနောက်နှစ်ဆိုပင်စင်ယူတော့မယ်ဆိုလား။
မေမေကတော့နားနားနေနေပေါ့။ ကျတော်ကိုယ်တိုင်တောင် ဘွဲ့ တွေရလို့ 
အလုပ်တောင်ဝင်နေပြီ။

ဖေဖေကကျတော်အထက်တန်းအောင်တုန်းကတောင် စစ်ထဲသွင်းမယ်လုပ်နေသေးတာ။ မေမေနဲ
့မမကြီးတို့ တတွေ ၀ိုင်းတားကြလို့ ။ ကျတော့်ကိုကျားကျားရားရားဖြစ်စေချင်လို
့တဲ့လေ။ မေမေနဲ့ မမတို့ ကပြောပါတယ် မောင်မောင် အပင်ပန်းခံနိုင်မှာမဟုတ်ဘူးတဲ့။
ဒါလဲဟုတ်တယ်။ ကျတော်ဒါနဲ့ ဆို အလုပ်ပြောင်းခဲ့တာ ၅ခုရှိပြီ။
အလေးအပင်မခိုင်းလို့ ၊ အဆူခံရလို့ ၊ လုပ်ဖော်ကိုင်ဘက်တွေက အတင်းပြောလို့ ၊
သူဌေးက ဂရုမစိုက်လို့ နဲ့ ။ ကျတော်ကလဲအလုပ်သိပ်ရွေးခဲ့တာ။

ဖေဖေကတော့လုံးဝကျတော့်ကို သဘောမကျဘူး။ မင်းသားကိုတပ်ထဲသွင်းမှပါချည်းပဲ။
လှလေးစိန်ဇာတ်ကားပြတုန်းကဆို အောက်စက်နဲ့ ကူးပါထားတာ။
ခဏခဏကိုပြန်ပြန်ပြနေလွန်းလို့  မရိုးတန်းကြည့်ခဲ့ရတာလေ။ ဖေဖေပေါ့
ကျတော့်ကိုစစ်ထဲသွင်းချင်နေတာ။ သူ့ အကြောင်းပြချက်က ကျားကျားရားရားရှိစေချင်လို
့တဲ့။ ဖေဖေ့အတွက် ကျတော်ဘာမှကျေနပ်အောင်မလုပ်နိုင်ခဲ့ပါဘူး။

ဒီနေ့ တော့ကျတော့်ကို ဖေဖေ တော်တော်ကျေနပ်နေပါတယ်။ တကယ်လဲပျော်နေပုံပါပဲ။
ကျတော်ချစ်သူ ရှိကြောင်းဖွင့်ပြောလိုက်လို့ ပေါ့။ ကျတော်ချစ်သူရှိကြောင်း
မပြောရဲခဲ့ပါဘူး။ ဒီနေ့ ကျတော်တော်တော်လေး အရဲစွန့် ပြီးပြောလိုက်တာ။ဖေဖေကလဲ
တကယ်ကိုပျော်သွားတယ်ဆိုတော့ ကျတော်အားရှိသွားပါပြီ။

"ကဲပြော သားချစ်သူက ဘယ်ကလဲ၊ ခေါ်လာခဲ့ကွာ ဖေဖေကိုယ်တိုင်မေးမယ်ဟုတ်ပြီလား၊
ဘယ်တော့ခေါ်လာမလဲပြော"
ဖေဖေအရမ်းကိုတက်ကြွနေပါတယ်၊ ကျတော်ဘာမှပြောချိန်မရလိုက်ပါဘူး။ ကျတော်ဘယ်သူ
့တွေပေါ်မှာပဲ နွဲ့ ခဲ့ဆိုးခဲ့ ၊ ဖေဖေနဲ့ ကျတော်စကားလေးလုံးကွဲအောင်မပြောဖူးဘူး။
ခုလဲဖေဖေက စကားဆုံးနေတော့ကျတော်လဲပြောစရာမရှိတော့ဘူးပေါ့။

"ဟုတ် မောင်မောင် စနေနေ့ ခေါ်လာပါ့မယ်။ မောင်မောင်တို့ ရုံးကပါပဲ၊ သူလဲအလုပ်
အားတယ်ဆိုတော့"

"ကဲသားခေါ်လာမယ်ဆိုတော့ ဖေဖေတို့ မျော်နေရတာပေါ့။ ထမင်းစားဖို့ သီတာကပြင်ဟေ့"
ကျတော်က မောင်မောင်လို့ နံစားသုံးပေမယ့်၊ ဖေဖေကဘယ်တော့မှ မောင်မောင်လို
့မခေါ်ခဲ့တာအမြဲပါပဲ၊ သားလို့ ပြောချင်ပြော၊ စိတ်တိုနေရင် မင်းနဲ
့ပြောချင်ပြောဒါပါပဲ၊ မောင်မောင်ဆိုတာ အမတွေနဲ့ မေမေပဲခေါ်တာပါ။

ဒီလိုနဲ့ စနေနေ့ ကိုရောက်လာတယ်ဆိုပါတော့.....

ကျတော့်ချစ်သူလေးလက်ကိုဆွဲလို့  အိမ်ကိုခေါ်ပေါ့။ ကြုံဖူးတဲ့သူများသိပါလိမ့်မယ်။
ချစ်သူလေးကို အိမ်ခေါ်ပြီးပြရတာ ဘယ်လောက်ရင်ခုန်ဖို့ ကောင်းလဲလို့ နော်။

ဖေဖေနဲ့ မေမေ ဧည့်ခန်းထဲကစောင့်နေပါတယ်။

"သားရေမင်းကောင်မလေး မခေါ်လာဘူးလားကွ"

"မင်းမေမေလဲတွေ့ ချင်နေလှပြီ၊ ဒီချိန်ထိမင်းကရှက်နေတုန်းလားကွာ၊
သူငယ်ချင်းကိုအရင်ခေါ်ပြီးမှသွားခေါ်မလို့ လား ဟ ဟ ဟ"

ဖေဖေပြောလိုက်တဲ့စကားပါ။ ကျတော်ဘာပြောရမုန်းမသိပါ။ ကျတော်နောက်ဆုံးအရဲ စွန်
့ပြီးပြောလိုက်ပါတယ်။

"ဒါသားချစ်သူပါဖေဖေ"

"သားလေးရယ်မနောက်ပါနဲ့ ဒါနောက်စရာမဟုတ်ဘူးလေ။ မင်းဖေဖေစိတ်ဆိုးနေအုံးမယ်"
မေမေ့စကားသံပါ။

"သားမနောက်ပါဘူး။ ဒါသားရဲ့ချစ်သူပါ သူရကသားရဲ့ချစ်သူပါ။ သားသူ
့ကိုအရမ်းချစ်ပါတယ်"

"ငါတယ် မင်း၊ ယောကျာင်္းအချင်းချင်းချစ်စရာလားကွ။ ငါလခွီး"
ဖေဖေအိပ်ခန်းထဲဝင်သွားပါသည်။ ထွက်အလာမှာ သူ
့လက်စွဲတော်ခြောက်လုံးပြူးပါလာပါသည်။

"ဖေကြီးရယ်မလုပ်ပါနဲ့ "
မေမေ့အသံဖြစ်ပါသည်

အခြေအနေမကောင်းတော့ပြီ။ ကျတော့်ချစ်သူလက်ကို ဆွဲလို့ ကျတော်ပြေးရပေမည်။

ကဲသယ်ဂျင်းတို့ ရေ ချစ်တာအပြစ်လားဗျာ........ :P :P :P
leer más...

Sunday, October 4, 2009

မြကျွန်းသာကြီး သက်သေတည် (ဇာတ်သိမ်းပိုင်း)

| | 7 comments

“သံစဉ်..သံစဉ်..”
ကျွန်တော့် ခေါ်သံကြားတော့ သံစဉ်က စက်ဘီးနင်းနေရင်းနောက်ကိုလှည့်ကြည့်သည်။ ကျွန်တော့်ကိုမြင်တော့ အနည်းငယ်အံ့သြသွားပုံရသည်။
“လင်းနေ နင်ကဘယ်ကနေဘယ်လို ပါလာတာလဲ”
“ငါလက်ဖက်ရည်ဆိုင် ထိုင်နေတာ နင့်ကိုတွေ့လို့လိုက်လာတာ ပြောစရာရှိလို့”
“ပြောစရာရှိလို့ ဟုတ်လား ဘာပြောမလို့လဲ”
“ဟိုလေဟာ..ငါပြောမှာက..က.“

ကျွန်တော်စကားတောင် ဆုံးအောင်မပြောလိုက်ရပါဘူး စက်ဘီးက ဂုံးတက်ကိုရောက်နေတာ့ အရှိန်နဲ့နင်းတက် လိုက်ရပါတယ်။ ဒီလိုမျိုးအလျှင်လိုလိုကြီးတော့လည်းမပြောချင်ဘူးလေ အဲ့ဒါနဲ့ဂုံးတက်ကိုအရှိန်နဲ့နင်းတက် လိုက်ရပါတယ်။ အချိန်ကအများကြီးကျန်သေးတာပဲ ဂုံးကျော်မှပြောလည်းဘာမှမဖြစ်နိုင်ဘူးလေ အဲ့ဒီလိုနဲ့ စက် ဘီးကဂုံးကိုကျော်လာပါတယ် ဂုံးတက်ကတော်တော်လေးမြင့်တာရယ် မစီးတာကြာလို့ စီးရတာအသားမကျတာ ရယ်ပေါင်းပြီးအပေါ်ရောက်တော့ အတော်လေးမောဟိုက်နေတယ်။

သံစဉ်ကိုမှီအောင်လိုက်ကပ်ရင်းဂုံးဆင်းမို့မနင်းတော့ပဲထားလိုက်ပါတယ် အရှိန်လေးနဲ့ဆင်းမယ်ပေါ့ စက်ဘီးကိုသံစဉ်နဲ့ ယှဉ်နင်းလိုက်ပါတယ်။ စက်ဘီးကရှေ့ကိုကျွံထွက်သွားပါတယ် ဘရိတ်ညှစ်လိုက်တယ် ဘရိတ်က အိကနဲဆိုပါလာတယ် ဟာကနဲဖြစ်သွားတယ် ဘရိတ်က ဘရိတ်ကြိုးလည်းမပါဘူး စက်ဘီးကအရှိန်ပြင်းပြင်းနဲ့ထိုးဆင်းသွားတယ် ..
leer más...

Thursday, October 1, 2009

Untile

| | 7 comments

ကျွန်တော့်ဆီမှာ သူ့အတွက် သူမ မြင်နိုင်တဲ့
ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် ။

ကျွန်တော်ဆီမှာ သူ့ အတွက် သူမ မြင်နိုင်တဲ့
ခွင့်လွှတ်နားလည်ခြင်းတွေရှိတယ် ။

ဝေးကွာနေခိုက်
ခံစားချက်တစ်ချို့ ကို
ဒိုင်ယာရီစာမျက်နှာတွေအဖြစ်ဖန်တီးခဲ့ဖူးတယ် .....။

သတိရခြင်းတစ်ချို့ ကို
မျှော်လင့်ခြင်းများဖြင့် ဖြေသိမ့်ခဲ့ဖူးတယ်....။
ဒါတွေကို စိတ်ပျက်အားငယ်နေခြင်းမျိုးတော့ မဟုတ်ပါဘူး ...

တစ်ယောက်ကိုတစ်ယောက်
နားလည်မှု ချစ်ခြင်းတွေနဲ့ 
ပျော်စရာကောင်းတဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်မယ်လို့ 
ယုံကြည်ထားတယ် ..........။

အဲဒီအချိန်ဟာ .
တကယ်ကိုပျော်စရာတွေနဲ့  ပြည့်နေတဲ့
သူနဲ့ ကျွန်တော် ရဲ့ကမ္ဘာလေးပေါ့...။

ကျွန်တော်ယုံကြည်ထားတဲ့
အိမ်မက်တစ်ခုတကယ်လက်တွေ့ဖြစ်လာလိမ့်မယ်လို့ ......။
နှစ်ဦးသားရင်ထဲက ယုံကြည်ထားတယ်....။
တစ်ယောက်နဲ့ တစ်ယောက်..
နားလည်မှုတွေ မျှခြေတစ်ခုခုကိုရောက်လာတဲ့အခါဆိုရင်ပေါ့.....။
အိမ်မက်ဆိုတဲ့အရာတစ်ခုကို
အကောင်အထည်ဖော်ဖို့ကြိုးစားရင်း
အရမ်းလွမ်းနေတယ် ချစ်သည်းရယ်.....။
(သူ့ ကို လွမ်းတဲ့ စိတ်နဲ့ ရင်ထဲမှာရှိတာလေး တွေကို ရေးလိုက်တာပါနော် ....)
အရမ်း လွမ်းနေလို့ ပါဗျာ
ချစ်နန်းဝိုင်
leer más...
welcome from my love home

အကြံပေးလိုလျှင် deathnote.LLLLLL@gmail.com


အော်လံ

သူတို့မှတ်ချက်တွေ

ရိုးရာတို့ပျင်းချိန်

BloggerStop

တမင်လမ်းမှားကြ သူများး)))

 
 

Diseñado por: Compartidísimo
Con imágenes de: Scrappingmar©

 
Ir Arriba