Tuesday, December 22, 2009

အားနာတတ်သူ

| | 0 comments

ဒါလေးကို ကျွန်တော့်သူငယ်ချင်းက သူလုပ်တဲ့ဘလော့မှာတင်ပေးဖူးပါတယ် အဲ့တုန်းက လူကနေမကောင်းလို့ ဘလော့မရေးနိုင်တုန်းကာလကပါ ကျွန်တော့်မှာ ရေးပြီးသား ဇာတ်လမ်းသုံးပုဒ်ရှိထားတာပါ။ သူငယ်ချင်းက ဖတ်မိပြီးသူဘလော့ လုပ်မယ်ဆိုပြီးတောင်းပါတယ် ကျွန်တော်လည်း ဘာမှလုပ်စရာမရှိတော့ပေးလိုက် ပါတယ်။ သူကအဲ့ဒီနာမည်ပါကြိုက်သွားပြီးနာမည်ပါသူယူမယ်ပြောပါတယ်။

စည်းရိုးဆိုတာအကာအရံပါ ကျွန်တော့်ရွာလေးမှာ ကျွန်တော်နေတုန်းကစာရေးရင် ဒီနာမည်သုံးပါတယ် မဂ္ဂဇင်းတွေပို့တုန်းကပါ တစ်ပုဒ်မှမပါဖူးပါဘူး အဟီး။ ထားပါ ကျွန်တော်ပြောချင်တာ ဒီစာကိုဘလော့တစ်ခုမှဖော်ပြဖူးပြီးသားပါဒါပေမယ့် သူငယ်ချင်းကဆက်မရေးနိုင်တော့ဘူးပြောပါတယ် အကြောင်းအရင်းကတော့ သူ့အိမ်ရဲ့အမိန့်အရ သင်တန်းမျိုးစုံကိုတက်နေရပြီဖြစ်လို့ပါတဲ့။

ကျွန်တော်ဆက်မတင်ပဲ ဒီအကြောင်းအရာကိုမဖော်ပြပဲထားလိုက်ရင်ရပါတယ် ဒါပေမယ့် ဒီစာမူရဲ့အဆက်လို့လဲ ခေါ်လို့ရတဲ့ ကျွန်တော့် စာမူလေးတွေမတင်ပဲ နေလိုက်ရမှာစိုးလို့ ဒီစာလေးကိုတင်တာပါအားလုံး ဒီစာလေးဖတ်ဖူးပြီးသားညီအစ် ကို မောင်နှမတွေကိုတော့ တောင်းပန်ပါတယ် မဖတ်ရသေးသူများအတွက်တော့ အားပေးပါဦး ဟဲဟဲ။

××××××××××

ကျွန်တော်ဆိုတဲ့ကောင်က လွှတ် အားနာတတ်တဲ့ကောင် အားနာစရာမရှိကြံဖန် ပြီးတော့ကို အားနာနေတော့ တာ။ ဘယ်လောက်အားနာတတ် သလဲဆိုကျွန်တော့် အစ်မ ကျွန်တော်ကိုယ်တိုင် ခိုးပေးလိုက်ရတဲ့ အထိအားနာတတ်တာ ။

အဲ့ဒီဇာတ်လမ်းကို စရမယ်ဆိုရင် ကျွန်တော့် အစ်မက စရလိမ့်မယ်ကျွန်တော့်အစ်မ ဆိုတော့ဗျာ ကျွန်တော့်လိုပေါ့ အူတူတူရယ် ဒီတစ်သက်ရည်းစားရလိမ့်မယ် လို့ဘယ်ထင်ပါ့မလဲဗျာ နော့ ။ အဲ့ဒါကိုမှ တနေ့ သတင်းတစ်ခု သိုးသိုးသန့်သန့်ရ တယ် အစ်မမှာရည်းစားရှိနေပြီတဲ့ ။

ကျွန်တော်ဖြင့်ဝမ်းသာလိုက်တာ ကဲဒီဘယ်တော့မှ စွံ့တော့မယ် မထင်တဲ့ကိုယ့် အစ်မဘုတ်သိုက် ကြီးက ရည်းစားရတယ်ဆိုတော့်ပျော်လွန်းလို့ ထန်း တောမှာကျွန်တော်သူငယ်ချင်းတွေကိုအ၀တိုက်ပြီး အစ်မအတွက်ဂုဏ်ယူပစ်လိုက် တယ်ဗျာ ကဲပြီးကရော ။

အားလုံးကောင်းပါလျှက်နဲ့ ဆိုးနေတာက ကျွန်တော့်အစ်မရသွားတဲ့ရည်းစားက ကြက်ဆိုလည်း မဆိုစလောက်လေးနည်းနည်းပါးပါး ၊ ဖဲဆိုလည်းလက်တစ်ဆစ် စာလောက်၊ အရက်ဆိုလည်း ပုလင်း တစ်လုံးနှစ်လုံးရယ် လုပ်တတ်ကိုင်တတ် ချတတ်တယ်ဗျ။ ရွာမှာတော့ နာမည်ကြိးပေါ့ဗျာ သူ့နာမည်က မြင့်ဦးတဲ့ အို ဘာပဲ ဖြစ်ဖြစ် ကိုယ့်အစ်မဘုတ်ထိုင်းကြီးကို မျက်စိလည်လမ်းမှားပြီး ကြိုက်တာတောင် ကြံဖန်ကျေးဇူးတင်ရဦးမယ် ။

ဒီလောက်အစားပုတ်အပျင်းထူ ဒီအရွယ်ထိအိပ်ယာထဲသေးစက်စက်ယိုတတ် သေး တဲ့ကိုယ့်အစ်မကို ဒင်းက ကြိုက်တယ်ဆိုတော့ တွေးကြည့်ရင် အားနာစရာတော့ ကောင်းသားဗျ အင်းလေဒါကလည်း သူ့ထိုက်နဲ့ သူ့ကံကို ရွှေနဖူးစာမင်ရည် တောက်တောက်ကျတော့လဲ ဘယ်ဒင်းနဲ့ဖျက်မတုန်းဗျာဟုတ်ဘူးလား။

တနေ့ အဲ့ဒီတနေ့ပေါ့ဗျာ အစ်မအကြောင်းကို အဖေရယ်သိသွားတဲ့နေ့ တနေ့ပေါ့ ပြဿနာက အဲ့ဒီမှာစတာပဲ
ဒီ အရက်သမားကြက်သမားနဲ့ ပေးစာမယ့် အစား ခွေးကို ဟိုဒင်းဖြတ်ပြီးပေးစားပစ် မယ်ကွ
ဟင် အဖေ ခွေး ကိုဘယ်ဒင်းဖြတ် ပေးစားမှာလဲဟင်
အန္တရာယ် ပေးနိုင်တဲ့ဟာ ဖြတ်ပေးစားမှာပေါ့ကွ
ဟင် အန္တရာယ်ပေးနိုင်တဲ့ဟာက ဘာလဲဟင် အဖေ
တောက် မင်းက တမှောင့် အမြီး ကွ အမြီး သိပီလား
သြော် အမြီး ကိုး ဒါနဲ့ အမြီးက ဘယ်လို အန္တရာယ်ပေးနိုင်တာလဲဟင် အဖေ
ခွေး…သား …မင်းငါ့ကိုဒေါသထွက်အောင်လုပ်နေတာလား.
ဟင်.. ဒါဆို အဖေလည်းအန္တရာယ်ပေးနိုင်တဲ့ဟာ အဖြတ်ခံထားရတာပေါ့
ဘာ.ကွ
အဖေပဲ ခွေး..သား ဆို
တောက် ..စည်း…ရိုး
ဝမ်းခေါင်းသံကြီးနဲ့အော်လိုက်တဲ့ အဖေ့ အသံကြားကတည်းက ကျွန်တော်ဖနောင့် နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးပြီးသား

အဖေကဘယ်လောက်ဒေါသထွက်နေသည် မသည့် နေ့လည်ကတည်းက ကျွန်တော့် ကိုပတ်လိုက်နေတာ ညနေမှပြန်ရောက်လာတယ် ပြန်လာတော့ အမေ က စောင့်ကြိုနေတာတွေ့တော့ အဖေ့ဒေါသနည်းနည်းပြေသွားတယ်

ပြန်လာပြီလား ကိုကျော်အုံး
အေးကွာ ဒီကောင် ငါ့သားလို့ မပြောရဘူး အရှောင်အပုန်းရယ် တော်တော် တော်တာကိုးကွ
တော်လား မတော်လားတော့ မသိဘူးရှင်ထွက်သွားပြီးကတည်းက သူကပြန်လာ ပြီးအိပ်နေတာ အဖေဒေါသတွေ ပြေတဲ့အထိလိုက် ပါစေတဲ့ မဟုတ်ရင်ထွက်နေတဲ့ အဖေ့ ဒေါသတွေကို အားနာစရာ ကောင်းလွန်းလို့ပါတဲ့
ဘာကွ ခွေး..အဲ..အဲ..တောက် .ဒီကောင်တော့လား

အဲ့ဒီနေ့နောက်ပိုင်းက စပြီး ကျွန်တော်တို့အိမ်မှာအဖေကအမိန့်တစ်ခုထုတ်တယ် ဒီနေ့က စပြီးလူကင်း စောင့်ရမယ်တဲ့ စောင့်ရမယ့် သူက အဖေရယ်ကျွန်တော်ရယ် နှစ်ယောက်တည်း စောင့် စောင့်ရမှာက အစ်မ ကို။ ဟို မြင့်ဦးဆိုတဲ့လူကလည်း ကြွေးကြော်တယ် ရအောင် ခိုးမဟေ့တဲ့ ။ ကျွန်တော်ဖြင့် အားနာလိုက်တာလေ ဘယ်နှယ့်ကိုယ့်အစ်မ ဘုတ်ထိုင်းကြီးကို အနစ်နာခံယူမယ့် လူကိုများ ဒီလောက် အခက်တွေ့စေရသလားလို့ ကျွန်တော်သာဆို တစ်ခါတည်းရော့အင့် ဆိုပေးစား ပစ်မှာ..။

အစ်မကလည်းလွမ်းလို့ထင်ပါရဲ့ တစ်ခါလွမ်းတိုင်း ထမင်းတစ်ခါထထစားနေတာ အလုပ်ကလည်းမလုပ်ခိုင်းဆိုတော့ နဂိုဘုတ်ထိုင်းကြီးကနေ ရာဝင်အိုးလေးလို လုံးပွပွလေးကိုဖြစ်လို့ အမယ်ကိုယ့်အစ်မမို့ပြောတာမဟုတ်ဘူးတကယ့် လုံးပွပွ လေးကိုဖြစ်လို့ ဟိုက ဒီလုံးပွပွလေးကိုပဲကြိုက်တာနေမှာ။

အဲ့ဒီ့ညကပေါ့ ကျွန်တော့်ကင်းစောင့်တဲ့အလှည့် နဂိုကမှ ကျွန်တော်က လွှတ်ပေး စားနေချင်တဲ့ကောင်ဆိုတော့ အိမ်က ခြံမဟား ဒယားလုံတဲ့ အဖေ့အချစ်တော် ခွေး ကြီး ရန်မွှေ ဟုတ်တယ် မွှေလွန်းလို့ ရွာ စီကနဲဟေ့ဆိုမကြည့်နဲ့ ရန်မွှေ အဲ့လောက် ကို နာမည်တစ်လုံးနဲ့နေတဲ့ကောင် အဲ့ဒီကောင်ကို ညနေကတည်းက အဆီအစိမ့် တွေနင်းကန်ကျွေးပြီး နောက်ဖေး နွားတင်းကုတ် ထဲသွားချည်ထားလိုက်တယ် မှတ်ကရော ဒါမှပဲ ယောက္ဖလောင်းက လွတ်လွတ်ကျွတ်ကျွတ်အဆင်ပြေပြေ လာ ခိုးနိုင်မယ်မလား။ ကျွန်တော်က ရေလာမြောင်းဖောက်ပေးထားတာလေ

ချွတ်ကနဲ ဆိုတဲ့အသံကြားလိုက်ကတည်းက ဒါယောက္ဖလောင်းကြီးဆိုတာ သိပြီး သား အသာလေးမသိမသာခေါင်းလေးစောင်းကြည့်လိုက်တော့ အံမယ် မဲမဲ မဲမဲ နဲ့ ဒီလိုတော့ လည်း ငါ့ယောက္ဖလောင်းကြီးက စွန့်စားရဲသားဟ လို့ပီတိတွေကျိတ်ဖြစ် လို့ ဘာပဲဖြစ်ဖြစ် ကိုယ့်အစ်မ ရာဝင်အိုးလုံးပွပွလေးကို ပေးရမယ့်ကိစ္စဆိုတော့ နည်းနည်းတော့မျက်နှာပူသားဗျ

မကြာပါဘူး လုံးလုံး လုံးလုံးနဲ့ ထလာတဲ့အစ်မကိုတွေ့လိုက်ရတယ် ဘာတွေပြော နေကြတယ်ရယ်မသိပါဘူး ကြာလိုက်တာ ဒီပုံစံအတိုင်းဆိုအဖေသိကုန်တော့မယ် မထူးပါဘူးကွာ ပို့မယ်ပို့ အိပ်ယာထဲရောက်အောင်သာပို့ဟ ဆိုပြီး ကျွန်တော်ညနေ ကတည်းကပြင်ဆင်ထားတဲ့ ကျွန်တော့်အ၀တ်အစားထုတ်ကလေးကောက်ဆွဲပြီး ထ။

အနားရောက်တော့ နှစ်ယောက်စလုံးတုန်တက်သွားတယ် ကျွန်တော်က လေသံ တိုးတိုးတိတ်တိတ်နဲ့ပြောယူရတယ်
အစ်မ မကြောက်နဲ့ ကျွန်တော်ပါ လာ ကျွန်တော် စီစဉ်ထားတာရှိတယ်ကျွန်တော် နှစ်ယောက်စလုံးရဲ့လက်ကိုဆွဲပြီး အိမ်ပေါ်ကနေတိတ်တိတ်ဆင်းခဲ့တယ် ပြီးတော့ ညကတည်းက စီစဉ်ထားတဲ့နောက်ဖေးလယ်ကွင်းဆီကလှည်းဆီခေါ်ခဲ့တယ် ကိုယ့် အစ်မရာဝင်အိုး လုံးပွပွကိုတစ်သက်လုံးလုပ်ကျွေးမယ့် သူဆိုတော့ အားနာ လို့ကိုယ်တိုင်ခိုးပေးရတာ

လှည်းပေါ်ရောက်တဲ့အထိ အားလုံးအစီအစဉ်တကျဘာမှ မှားယွင်းမှု့မရှိ ညက လည်းလမိုက်ညကိုးဗျ မည်းမည်း မည်းမည်းနဲ့ဘာမှကိုမြင်ရတာမဟုတ်ဘူး တော် သေးတာပေါ့ ကိုယ့်ရပ်ကိုယ့်ရွာဆိုတော့ကာ မျက်စိမှိတ်သွားတောင် ရတဲ့နေရာ တွေဆိုတော့ ပြဿနာကမရှိ လှည်းကိုအေးအေးလူလူ မောင်းရင်း

ဟင် အနံ့တစ်ခု ဒါလူသေးနံ့ပဲ

ဘယ်သူ့သေးနံ့လဲဟ

ကျွန်တော်ပါခင်ဗျ
အသံကတုန်ချိချိလေး ကြောက်လွန်းလို့ထင့် အေးပေါ့လေ သူ့ခမျာ့ဒီလောက်စွန့် စားပြီး လာခိုးရတာဆိုတော့လည်းကြောက်ရှာမပေါ့
ဘာမှမကြောက်နဲ့တော့ သိလားယောက္ဖကြီး ကျုပ်အစ်မ ကျုပ်ကိုယ်တိုင်ခိုးပေး တာပါဗျ ရေကန်အသင့်ကြာအသင့်ပါဗျ ဟဲဟဲ လမ်းတစ်လျှောက်လေ လေးတစ် ချွန် ချွန် သီချင်းလေးတကြော်ကြော်နဲ့ပေါ့ဗျာ ပျော်လွန်းလို့

အာရုဏ်ကျင်းပြီးအလင်းသဲ့ သဲ့မျှ မြင်ရပြီ သတ်မှတ်ထားသည့်ရွာသို့ရောက်တော့ မည်။ လမ်းတစ်လျှောက် နောက်ကနှစ်ယောက်ကတိတ်ဆိတ်လို့ နောက်လှည့် ကြည့်တော့အံမယ် နှစ်ယောက်စလုံး ခွေခွေလေးခင်ဗျ ။

ကဲ .အစ်မရေ ရွာရောက်တော့မယ်ဗျ ထတော့ ထ.ထ
ကျွန်တော့်နှိုးသံ ကြားတော့ နှစ်ယောက်စလုံး ယောင်တောင်တောင်နှင့်ထလာ သည်။
ဘယ်ရောက်နေတာလဲဟင်
နှစ်ယောက်စလုံးထံမှ အသံထွက်လာသည့် အမယ်အသံနှစ်ခုကညီလို့
အစ်မတို့ နေရမယ့်ရွာကိုလေဗျာ ရောက်တော့မယ်
ဟင်..ဟင် ခင်.ဗျား ဘယ်သူတုန်း
သူခိုးလေ သူခိုး နာမည်က ငရိုးတဲ့
ဟင် ခင်ဗျားကဘယ်နှယ့် ကျုပ်တို့နဲ့ပါလာတာတုန်း
မင်းပဲ ငါ့ကို အတင်းဆွဲခေါ်လာတာလေ
ကျုပ်ဆွဲ တာ ကျုပ်ယောက္ဖကိုပါဗျ ခင်ဗျားကို မဟုတ်ပါဘူး
ဟုတ်ပါတယ် ဟုတ်တာမှ ဟုတ်..ဟုတ်..ဟုတ် ကိုမြည်နေတာပဲ
ဟင် ..ဒါဆို ခင်ဗျားက ကျုပ်အိမ်ပေါ်ဘာတက်လုပ်တာလဲ
ခိုးတာလေ တက်ခိုးတာ
ဟင် အစ်မ နင်ကကော သူ့ကိုနင့်ရည်းစားမှန်း မသိဘူးလား
သိတယ်လေ သိသားပဲ
ဟင် ဒါဆို ဘာလို့ ဘာမှ မပြောတာလဲ
အို ..မောင်လေး ပဲ အစ်မကိုလက်အတင်းဆွဲခေါ်လာတာလေ ပြီးတော့ ဟိုဟို
ဘာ..ဟို..ဟိုလဲ
အို..မောင်လေးကလည်း အစ်မ မှ တစ်ခါမှ မတစ်ခါဖူးတာလို့
ဟင် ဘာ တစ်ခါမှ မတစ်ခါဖူးတာလဲ ဟို သူခိုး ခင်ဗျားကရော ဘာလို့ငြိမ်နေတာလဲ
အို မပြောနဲ့လေ ဒီလောက် ရေအသင့် ရာဝင်အိုး အသင့်ဖြစ်တောကို ကျုပ်က ငြင်းစရာ လား
တောက် ..ခင်ဗျားတော့လားဗျာ
မောင်လေး
ညီလေး
ဘာတုန်း
တစ်ခါတည်းပါကွာ
ဘာတစ်ခါတည်းလဲ ဟင် တစ်ခါမှ မတစ်ခါစေရဘူး စည်းရိုးတဲ့ကွမိုက်လို့ကိုယ့်အစ် တောင်ကိုယ်တိုင်ပြန် ခိုးပြီးပေးတာ ပို့မယ်ပို့ ဟိုဒင်းရောက်အောင်ပို့မယ် လာခဲ့ကြ လာ။


ဟက်ဟက်ပက်ပက်ရယ်မောနိုင်ကြပါစေ

ရိုးရာ





Image and video hosting by TinyPic
leer más...

Saturday, December 19, 2009

မှောင်နေတဲ့မြို့ကလေး

| | 2 comments

မြို့ကလေးကခြောက်ကပ်လို့ နီယွန်မီးတွေကလည်းဟိုတစ်ကွက်ဒီတစ်ကွက်
အမှောင်ကြောက်ကျသူတစ်ချို့ရယ် အမှောင် နှစ်သက်သူတစ်ချို့ရယ်အားပြိုင်လို့
ညဥ့်ကလည်း အထီးကျန်နေတယ်။
စားနေကြကြောင်ဖားကြီးတွေကလည်း အရောင်လဲ့နေတဲ့မျက်လုံးတွေနဲ့
ကြွက်ကလေးတွေကို ချောင်းလို့ ပလက်ဖောင်းဘေးအိပ်နေသူကတော့ဘာသိဘာသာရယ်

ချဉ်စူးစူးစိတ်ဓါတ်တွေနဲ့ အနံ့အသက်တွေက အော်ဂလီဆန်စရာကောင်းတယ်
ညဥ့်တွေကလှသလောက် လူတစ်ချို့ကညစ်ပတ်ပေရေနေတယ်
ဟိုးရှေ့မှာ ငိုမြည်းနေတဲ့ဆိုက်ကားသမားတစ်ချို့ရယ် မိုးလင်းပေါက်ဖွင့်တဲ့လက်ဖက်ရည်ဆိုင်ရယ်
တစ်ရေးနိုး အာရုံဆေးဖို့ လက်ဖက်ရည်တစ်ခွက်နဲ့ ဆေးလိပ်မိးခိုးတစ်ခုရယ်
လူတစ်ယောက်စ နှစ်ယောက်စ က ညဥ့်ကိုအတော်အတန်သင့်ပြည့်စုံစေတယ်

ဘူတာအိုကြီးကတော့ ငိုက်မြည်းလို့ တိတ်ဆိတ်နေတယ်
ရထားစောင့်ရင်း အိပ်နေသူတစ်ချို့ရယ် ညလုံးပေါက်ဈေးသည်တွေရယ်
ကိုယ့်လိပ်ပြာကိုယ်လုံဖို့ကြိုးစားနေသူတစ်ချို့က လွဲရင်ဘူတာကြီးကအေးစက်
သူရခဲ့တဲ့ဒဏ်ရာတွေအတွက် ထုသားပေသားကျပုံပေါ်နေပြီ သူ့ဟာသူလဲလျှောင်းလို့
နောက်ဆုံးတော့ သူ့မှာ ဒုံရင်းကဒုံရင်းပါပဲလေ
အရာအားလုံးကိုတနေ့ထက်တနေ့ အိုမင်းရင့်ရော်လာတဲ့အကြည့်တွေနဲ့သာကြည့်လို့

ဒါကျုပ်တို့မြို့
1998 ခုနှစ်စွန်းဆီပေါ့ ကျုပ်က ဒီမြို့လေးမှာပျော်ပျော်ရွှင်ရွှင်ပါဝင်ကပြခဲ့ဖူးတယ်
နေ့ချင်းညချင်း လမ်းဘေးဝဲယာ လင်းချင်းလို့
ဆောက်လက်စ တိုက်ကြီးတွေကလည်း ဘုံးဘောလအော
ဈေးဆိုင်တန်းတွေ ဗီဒီယိုရုံတွေ ရုပ်ရှင်ရုံတွေ နဲ့စည်ကားလို့
စက်ဘီးကနေဆိုင်ကယ် မှန်လုံကားထိ တရိပ်ရိပ်တိုးတက်
လူတိုင်းပြုံးနေနိုင်ခဲ့တယ်
ဒါကျုပ်တို့မြို့

မြို့ကလေးကချောက်ကပ်လို့
နီယွန်မီးတွေကလည်းဟိုတစ်ကွက်ဒီတစ်ကွက်
အမှောင်ကြောက်ကျသူတစ်ချို့ရယ် အမှောင် နှစ်သက်သူတစ်ချို့ရယ်အားပြိုင်လို့
ညဥ့်ကလည်း အထီးကျန်နေတယ်။
စားနေကြကြောင်ဖားကြီးတွေကလည်း အရောင်လဲ့နေတဲ့မျက်လုံးတွေနဲ့
ကြွက်ကလေးတွေကို ချောင်းလို့ ပလက်ဖောင်းဘေးအိပ်နေသူကတော့ဘာသိဘာသာရယ်
ဆေးသားကွာကျနေတဲ့တိုက်ကြီးတွေရယ်
မညီညာမပြန့်ပြူးတော့တဲ့ လမ်းတွေရယ် ချောက်ကပ်ကပ်နဲ့တိတ်ဆိတ်လို့
ကျုပ်တို့မြို့ကလေးမှောင်လာပြီ
ကျုပ်…တို့…မြို့…က…လေး..မှောင်…လာ…ပြီ။




Image and video hosting by TinyPic
leer más...

Thursday, December 17, 2009

အဟောင်းကြီးနှင့်သစ်သောသူများ

| | 1 comments

အချိန်အတော်ကြာပျောက်နေခဲ့တာပါ လူကျန်းမာရေးရယ်စိတ်ဓါတ်ကျန်းမာရေး ရယ်ချွတ်ခြုံကျနေတာနဲ့ ရေးဖို့ဆိုတာစဉ်းတောင် မစဉ်းစားခဲ့ဘူး။ လူကပိန်ညှောင် ညှောင်လေးပဲကျန်တော့တယ် တကယ့်ကမ္မဌာန်းရုပ် အရိုးပေါ်အရေတင်လေး ရယ်။ ကျွန်တော့်ကိုမြင်ရင်မျက်ရည်တောင်ဝဲသွားနိုင်တယ် တကယ်။

အွန်လိုင်းလည်း သိပ်မတက်ဖြစ်တော့ပါဘူး ကွန်ပျူတာ မသုံးနိုင်တာပါ မော်နီတာ ကြာကြာကြည့်တာနဲ့ လူကရိပ်ရိပ်ဖြစ်လာတာပါ မူးတာ ဒါကြောင့် လူမှာကျန်းမာ ရေးက အဓိကလို့ပြောတာကို စိတ်ထောင်းတော့ကိုယ်ကြေတဲ့ ခင်မင်တဲ့လူတွေနဲ့ တောင် စကားမပြောနိုင်ပါဘူး ၀ါသနာပါတာလေးတော့ လုပ်ချင်သား ခက်တာက စိတ်။

ကျွန်တော်တို့ကိုနန်းဝေကြီးကတော့ ပြန်တော်ပြည်ဖို့လုပ်နေတာရယ်ကြောင့် (ပြည်တော်ပြန် မဟုတ်ပါ ပြန်တော်ပြည် ပါး) ) မအားမလပ်နိုင်ပါ ပြောသာပြောရ တာ သူနဲ့လည်း စကားမပြောဖြစ်တာကြာပြီ။ သူထွက်ဖြစ်ရင်တော့ ဘလော့ကို ဇောက်ချရေးနိုင်ပြီထင်ပါသည်။ ခုတော့ ဇောက်မချနိုင်သေးပါ ကျွန်တော်ကတော့ ဇောက်ချနိုင်ပါလျှက် အိယောင်ဝါးလုပ်နေတာရယ်ကြောင့် ။

အားလုံးကိုတောင်းပန်ပါသည် လူစိတ်က မျောက်စိတ်နှင့်တူပါသည်။ ကျွန်တော်က သူများတွေထက်ပိုတူသည်ဟုထင်ပါသည်။ ဘာကြောင့်ရယ်ဆိုတော့ ကျွန်တော်က လူရော စိတ်ကောဘယ်တော့မှ ဂနာငြိမ်တဲ့ကောင်မဟုတ်ပါ။ အမေမွေးတုန်းက မျောက်ပွဲကြည့်မွေးမိသလားမသိ။

နာမည်ပြောင်းလိုက်ပါသည် အားလုံးကို အသစ်ဖြစ်စေချင်လို့ဖြစ်ပါသည်။ လူမသစ် ပါစိတ်ကတော့ နည်းနည်းသစ်လာပါသည်။ လုံးလုံးလျှားလျှားမသစ်ပါ ဘသို့ဆို တော့ ဒီစိတ်ကြီးကိုမွမ်းမံထားသောကြောင့်သာဖြစ်ပါသည်။ ပြန်လာပြီဟုတော့ မပြောချင်ပါ ကျွန်တော်တို့ကအစကတည်းက မပြန်ခဲ့ပါ တနေရာတည်းရပ်နေခဲ့ ခြင်းသည်ဖြစ်သည်။ ဒါကြောင့်ပြန်လည်လှုပ်ရှားပြီဟုပြောချင်ပါသည်။

ဖြစ်နိုင်လျှင်အားလုံးကိုပြည်ဖုံးကားချပြီး အစကနေပြန်စလိုက်ချင်ပါသည် အူဝဲဆို သောအခြေအနေ (မင်းသမီးအူဝဲမဟုတ်ပါ) ကိုပြန်ရောက်ဖို့မဖြစ်နိုင်တော့ပါ။ ဒါ ကြောင့် လူအဟောင်းကြီးနှင့် အရားအားလုံးကိုပဲသစ်အောင်လုပ်ဖို့စဉ်းစားမိသည်။ ပထမဦးဆုံးနာမည်ကိုသစ်လိုက်ပါသည်။ ရင်ရဲ့ ရိုးရာ မို့လို့ ရိုးရာဟုပေးချင်းမဟုတ် ပါ။ ကျွန်တော်က ရိုးရာဆိုသော နာမည်ကိုကြိုက်လို့ရိုးရာ လိုက်ချင်းသာဖြစ်ပါ သည်။ ကျွန်တော့်နာမည် ရိုးရာ ဖြစ်ပါသည် အိပ်မက်ထဲမှာ မနစ်မြုပ်ချင်တော့ပါ။

ကျွန်တော်အိပ်မက်မက်ရမှာ မုန်းပါသည် ဒါကြောင့်အိပ်မက်မမက်တော့ပါ (မမက်ချင်တော့တာပါ) မက်ခဲ့လျှင်လည်း အိပ်မက်ကိုဖက်တွယ်နေတော့မည်မ ဟုတ်ပါ။ အဆုံးစွန်ထိပြောရလျှင် အိပ်မက်တွေကိုကြောက်ပါသည်။ ဒါကြောင့် အိပ် မက်တွေ ကိုလည်း ခြေရာမချန်ချင်တော့ပါ။

ရိုးရာ


Image and video hosting by TinyPic
leer más...

Wednesday, October 28, 2009

“အ“ ဆိုမှ “အ” ပဲ

| | 4 comments

1. what is your name
၁။ နာမည်က : အိပ်မက် (လင်းနေ+ချစ်နန်းဝိုင် နှစ်ယောက်ပေါင်းအိပ်မက်တဲ့း) )
2. A four Letter Word
၂။ စကားလုံးလေးလုံးနှင့်စာလုံး : အိပ်မက်ခြေရာ ဟဲဟဲဟဲ မိုက်တယ်နော်း))
3. A girl’s Name
၃။ ကောင်မလေးတစ်ယောက်နာမည် : အိန္ဒြာ (ဆရာမ အိန္ဒြာပါ)
4. A boy’s Name
၎။ ကောင်လေးတစ်ယောက်နာမည် : အိပ်မက်ပေါ့ ခက်တာ မှတ်လို့ နော့ ဟဲဟဲ
5. An occupation
၅။ အလုပ်အကိုင် : အိပ်မက် မက်သည် (ဘယ်လောက်ကောင်းလိုက်တဲ့အလုပ်လဲ နော်)
6. A color
၆။ အရောင် : အဖြူရောင် ( ကျွန်တော် ကြိုက်တာပြောတာ ကိုနန်းဝိုင်တော့ဘာကြိုက်သည်မသိး)) )
7. Something you’ll wear
၇။ ကိုယ်ပေါ်မှာဝတ်တဲ့အရာတစ်ခုခု : အီမို တွေဝတ်တဲ့အကျီ င်္ဒီဇိုင်းး)))
8. A food
၈။ စားစရာတစ်ခုခု : အုန်းထမင်း (ပြောရင်း သရေတောင်ယိုလာပြီ ဂလု ဂလု)
9. Something found in the bathroom
၉။ ရေချိုးခန်းထဲမှာတွေ့နိုင်တဲ့အရာ : အ၀တ်အစားတွေ ( ရေချိုးခန်းဆိုမှတော့ အဲ့ဒါတွေပဲတွေ့နိုင်တာပဲ)
10. A place
၁၀။ နေရာတစ်နေရာ : အိမ်သာ (ရေးရင်းဘိုက်နာလာလို့ထည့်လိုက်တာအဟီး အမယ်လေးကျွတ် ကျွတ် ကျွတ်)
11. A reason for being late
၁၁။ နောက်ကျရခြင်းအကြောင်းအရင်း : အိပ်ကောင်းတုန်းမို့လို့ ကျွန်တော်က အိပ်ပုပ်ကြီးလေ အဟဲ
12. Something you’d shout
၁၂။ အော်ပြောလိုက်ချင်တဲ့တစ်စုံတစ်ခု : အောင်ပြီ အောင်ပြီ အောင်ပြီ (ဘာအောင်တာလဲဆိုတာတော့ ကိုနန်းဝိုင်ကိုမေးကြည့်ကျ သူကအော်ဆိုလို့အော်ရတာအဟိ)
13. A movie title
၁၃။ ရုပ်ရှင်ကားနာမည် : အထာလေးတွေရှိတယ် (လမ်းမှာကြော်ငြာဖတ်လာတာ မကြည့်ရသေးဘူး ကိုယ်ကကြိုက်မှ မကြိုက်ပဲဟာနော့း)) )
14. Something you drink
၁၄။ သောက်စရာတစ်ခုခု : အုန်းရေ (အဲ့ဒါ မိန်းကလေးတွေ မှသောက်ကောင်းတယ်ဆိုလား လမ်းထဲက ဦးလေးကြီးပြောတာ သားလည်းမသိဘူး )
15. A Musical group
၁၅။ တီးဝိုင်းနာမည် : အိုင်းရင်းခရော့ (လေးဖြူ၊အငဲ၊မျိုးကြီး ဆို သိပ်ကြိုက်ကိုးဗျ rocker တော့မဟုတ်ဘူးနော် rapper ဟဲဟဲ )
16. An animal
၁၆။ တိရစ္ဆာန်တစ်ကောင်နာမည် : အုံးအွမ် အုံးအွမ် အုံးအွမ် အဲ့လိုအော်တဲ့အကောင်း)))
17. A street name
၁၇။ လမ်းနာမည် : အဝေရာလမ်း
18. A type of car
၁၈။ ကားတစ်စင်း : အဲယားကွန်းဘတ်စ် (အေးမှအေး မယုံလာစီးကြည့် လေလေးတဖြူးဖြူးနဲ့ အပေါက်ဝထိုင်ရင်ပြောတာပါ အဟား )
19. The title of a song
၁၉။ သီချင်းခေါင်းစဉ် : အခုနေမင်းနဲ့တွေ့ရင် (ဟဲလေး ၊ နီတာ )
20. A verb
၂၀။ ကြိယာ : အီး တနည်းအားဖြင့် မစင် တနည်းအားဖြင့် ချေး တနည်းအားဖြင့် ချီး (ဒီဟာတော့ အစ်ကိုအိမ်ဆီကခိုးလာတာ အဟိ ပိုင်တယ်ကွာ နော် )
မဆုမွန်ရေ ရေးတာနောက်ကျတဲ့အတွက်တော့ခွင့်လွှတ်ပါဗျာ လူနဲ့စိတ်နဲ့သိပ်သဟာဇာတ မတည့်ဖြစ်နေလို့ပါ
ကျွန်တော်နေလည်းကောင်းပါပြီ စိတ်လည်းကောင်းပါပြီ အဲ့တော့ ဘလော့ဘက်ခြေဦးလှည့်နိုင်ပါပြီး))

Image and video hosting by TinyPic
leer más...

Wednesday, October 21, 2009

This is my lost

| | 15 comments


ခုတစ်လောသူများတွေ သီချင်းဆိုတာတွေ့တော့ ကျွန်တော်လည်း သီချင်းဆိုချင်လာတယ်။ ကျန်းမာရေးက လည်းမကောင်း လူငယ်တို့ဘာသာဘာဝ ရင်ဘတ်ကလည်းနာထားတော့ နေမကောင်းတာနဲ့ပေါင်းပြီးလူက မျော့မျော့ပဲကျန်တော့တယ် ။ အဲ့ဒီမျော့မျော့လေးနဲ့ပဲ အသံကုန်ဟစ်ရတော့မှာပဲ .. ကဲစဆိုပါပြီ သီချင်းနာမည်က ဒီလိုလုပ်လိုက်ပါလားတဲ့ …ဟဲဟဲ

Xxx မကျေနပ်ရင်လည်း..အသေပဲသတ်သွား..ဘာမှမထူးဘူးနင့်ကြောင့်ငါ့ဘ၀က..နင်ပြောတဲ့စကားအကုန်မှား ပေမယ့်..ကြာတော့လည်းပဲ..တကယ့်အမှန်တရားဖြစ်သွား…အနှစ်တွေအချစ်တွေ..မြောင်းထဲရောက်သွား အရစ် ရှည်အပြစ်တွေ ငါနဲ့နင်ကြား..မဖြစ်တော့ဘူး…..လစ်ရင်လည်း..လစ်လိုက်ပါ..
leer más...

Thursday, October 15, 2009

သတိရလျက်ပါ အမေ........(ချစ်နန်းဝိုင်)

| | 18 comments

ခြေတစ်လုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော် လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာတစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။

လွန်ခဲ့သော(၃)နှစ်က မွေးရပ်မြေ လေယာဉ်ကွင်းမှ အစပြုလို့ကမ္ဘာကြီးကိုစူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ (၃)နှစ်တာကာလအတွင်း ဘာစီလိုနာမှ မက်ထရစ်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ ဖူးသော နိုင်ငံများ (၂၀) ကျော်ခဲ့သည်။

နေရာသစ် တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကိုလွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည် ဘ၀၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့် အတွက် အင်အားပိုဖြစ်စေခဲ့သည်။

အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာတကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ ကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်ပါသည်။

အမေ (၇၅) နှစ်ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။ ကျွန်တော် ပြန်လာခဲ့မည့်အကြောင်း အမေကိုဖုန်းဆက် အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။

မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာများမှတ်၊ ကျွန်တော် ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။

အသက်(၇၅)နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ ကျွန်တော် ပြန်လာ ဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။ အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။

တကယ်တမ်း အမေနှင့်တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေတော်တော် အိုစာသွားခဲ့ပါလား ။

အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင် ချက်ပြုတ် တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများအရင်နှင့် မတူတော့။

ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကိုကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့ တွေ့ချင်လို့ ပဲလေ။

အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ် ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော (၁၀)နှစ်ခန့်က အမေအပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများ ဖြစ်သည်။

ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး ပြောတော့သည်။ ကျွန်တော်
စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျ နေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။

မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။

အခြေအနေများသည် ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော် တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် “ငါလှုပ်ရှားနိုင်သေးတယ်။ ငါမအိုသေး” ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။

ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။ အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟုအမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေ ပြီဖြစ်ကြောင်းကို ကျွန်တော်အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။

နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကား လမ်းကြောင်း လွဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာ ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။

ကျွန်တော်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေ သိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့ အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။ မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။

ကျွန်တော်တွေဝေနေသည့် အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။ ကျွန်တော် ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။

“ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့် ကိုပြပါလား” အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။ ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။ “ငါအိုသွားတဲ့အခါ”ဟုခေါင်းစဉ် တပ်ထားသော ၂၀၀၄နှစ် ၁၂ လပိုင်း ၆ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။
ဆောင်းပါးလေးမှာ

“ငါအိုသွားတဲ့အခါ”

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင်
ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။

ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော်စာကြည့် စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော်လို့ဘ၀တူ အမိမြေကိုခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကိုဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို
စားချင်ကြောင်း...............

ရာသီ အလီလီပြောင်းခဲ့လည်း
မနေ့တစ်နေ့ကလိုပဲ အမေ
ဘယ်ဆီဘယ်ရပ် ဘာဌာနေဘဲ
ရောက်နေနေ...
အမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။

မြို့ပြတစ်ခုရဲ့ရင်ခွင် သားဝင်ကာနားခို
အမေ့ရွာလောက် မပျော်ဘူး။
မိုးမျှော်တိုက်တွေက ခိုင်ခံ့
အမေ့တဲအိုလောက် မလုံခြုံဘူး။
ပီဇာတွေ၊ ဘာဂါတွေစား
အမေ့ ထမင်းကြမ်းလောက် မမြိန်ဘူး။
မြို့ပြတွေရဲ့ နေရောင်ခြည်
အမေ့ ရင်ခွင်လောက် မနွေးထွေးဘူး။

နီယွန်မီးတွေ ထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။

“ဘယ်တော့မှ မငိုနဲ့ ”.....တဲ့
အမေ့ရဲ့ အမှာစကားတစ်ခွန်း
သားအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။

ဘ၀မှာ အမေသာစံပြ
အမေ့ ကိုနမူနာယူလို့
အမေတူသား ပီသစွာနဲ့
ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ
အံကြိတ်လို့ ဟန်ချက်ညီညီ ကရင်း
အမေ့ကိုလွမ်းဆွတ် သတိရလျက်ပါ အမေ။

သူငယ်ချင်း တစ်ယောက်နဲ့ အတူတူ ခံစားခဲ့ရတာလေးတွေ ပါ အဝေးရောက်နေတဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ လည်း ဒီလို ဘဲ ခံစားရမယ်လို့ ထင်ပါတယ် ....ခုတော့ လွမ်းစရာချစ်သည်း တစ်ယောက်ပါ ရှိနေပြီးဗျာ...ဟိ.
ကြုံတုန်းလေး ကြွားလိုက်တာ ........
အားလုံးပျော်ရွှင်ပါစေဗျာ ...
ခင်မင်လျက်..
ချစ်နန်းဝိုင်
leer más...

Tuesday, October 6, 2009

ချစ်တာအပြစ်လားဗျာ.(ချစ်နန်းဝိုင်)

| | 12 comments

( ဒါလေး ကို သူငယ်ချင်းတစ်ယောက် ပို့ ပေးလိုက်တာပါ ... သူရဲ့ အဖြစ်မှန်လေး ထင်ပါတယ် သူနာမည်ကို သူကိုယ်တိုင်ပေးထားတာတော့ ဓါးကိုက်နတ်ဆိုးဆိုဘဲ ဘယ်လောက်တောင် သတ္တိရှိလဲဆိုတော့ သူချစ်တဲ့ ကောင်မလေး ကိုချစ်တယ်လို့ ဖွင့်တောင် မပြောရဲဘူးတဲ့ဗျာ .ကျွန်တော် ထင်တယ် ဒီကောင် ကောင်မလေး ကိုချစ်တယ်လို့  ဖွင့်မပြောရဲတာနဲ့ ကောင်လေးကို သွားကြိုက်လိုက်တာဖြစ်မယ် ..)ဟိဟိ..း));)
"ဟာ သားမှာချစ်သူရှိတယ်ဟုတ်လား။"
ဒါကဖေဖေပြောလိုက်တဲ့စကားပါ။ တော်တော်လဲပျော်နေပုံရပါတယ်။

"ငါ့သားကဒီလိုတော့လဲဟုတ်သားပဲကွ
၊ ကဲငါမပြောဘူးလား ပတ္တမြားမှန်နွံမနစ်ပါဘူးလို
့"
ထပ်ဆင့် ဖေဖေ့အသံပါ။ သူတော်တော်ကျေနပ်နေပုံရပါတယ်။
ဟုတ်တယ်သူတော်တော်ပျော်နေတာပါ။

"သီတာရေ မင်းသားမှာချစ်သူရှိနေပြီတဲ့ကွ၊ လာစမ်းပါအုံး၊ ကဲပြောသား
သားချစ်သူကိုဘယ်တော့ခေါ်လာမလဲ၊ ဖေဖေ့ကိုပြော၊ ဖေဖေအားလုံးစီစဉ်ထားမယ်"

ဖေဖေမေမေ့ကို ဒီလိုမခေါ်တာကြာပါပြီ မေကြီးရေလို့ ပဲခေါ်နေကြပါ။ ကျတော်တို့ 
မိသားစုလေးထဲမှာ ဖေဖေက အိနြေ္ဒအရှိဆုံး ခံစားချက်တွေကိုလဲ
အပြင်ကိုထုတ်မပြတတ်ဘူး။ ခုတော့ မေမေ့ကို ငယ်မူအတိုင်းသီတာလို့  ခေါ်လိုက်ထဲက
ဖေဖေ ဘယ်လောက်ပျော်နေလဲဆိုတာ သိသာပါတယ်။

ဖေဖေဆိုလို့ ကျတော်တို့ မိသားစုအကြောင်းလေးလဲပြောပြရအုံးမယ်။ ဖေဖေကတပ်မတော်က
အရာရှိကြီးတယောက်ပါ မိသားစုပေါ်မှာ လေးနက်တယ်၊ တည်ကြည်တယ်၊ ဘယ်တော့မှ
အပြုံးအရီနဲ့ ရွှတ်နောက်နောက်စကားမပြောတတ်ဘူး။ မေမေကတော့
အငြိမ်းစားကျောင်းအုပ်ကြီးဆိုပါတော့။ သားသမီးတွေအပေါ်မှာ တပည့်လေးတွေလို
သွန်သင်သင့်တာသွန်သင်တယ်၊ စည်းကမ်းပိုင်းမှာတော့စံပါပဲဗျာ။

ဟုတ်ကဲ့ကျတော် ကျတော်ကတော့ မိသားစုဝင်ထဲက အငယ်ဆုံးအထွေးဆုံးနဲ့ 
အလိုလိုက်ခံရဆုံးပေါ့။ ကျတော့်အပေါ်မှာ အမချည်းပဲ သုံးယောက်ရှိပါတယ်။
မမကြီးကအစမမငယ်ထိ ကျတော့်ကို ချစ်လိုက်တာပြောမနေနဲ့  ကျတော်ကလဲကျတော်ပဲလေ
ရလလောက်ကို နွဲ့ ဆိုးဆိုးခဲ့တာချည်းပဲ။
အမသုံးယောက်တင်မကဘူး အမတွေရဲ့ သူငယ်ချင်းတွေနဲ့ ပါ ကျတော်ကဆိုးခဲ့တာ၊
ခင်ခဲ့တာဗျ။

အမတွေနဲ့ ကလဲအသက်ကွာတယ် အမငယ်တောင်ကျတော့်ထက် ၇နှစ်လောက်ကြီးတာ။ ဖေဖေတို
့အသက်ကြီးမှကျတော်ရခဲ့တာဆိုပဲ။ ကျတော်မွေးခါစက မေမေ့ကိုဖေဖေက
သီတာရေဆိုတာထပ်နေတာပဲတဲ့ မမကြီးကို မွေးပြီးထဲက ဖေဖေကမေမေ့ကို မေကြီးလို
့ပဲခေါ်ခဲ့တာ။

အမတွေကြားကြီးခဲ့တဲ့သူလို့ ပဲပြောရမှာပေါ့။ ဟီးပြောရရင်ကျတော်နဲနဲနွဲ့ တယ်ဗျ။
ငယ်ငယ်ကဆိုအမတွေက အချစ်ပိုခဲ့တာဆိုတော့ သူတို့ အမြတ်တနိုးထားတဲ့
အလှပြင်ပစ္စည်းတွေဆိုတာ ကျတော်ကလွဲလို့ ဘယ်သူမှကိုင်ခွင့်မရှိခဲ့ဘူးလေ။

"ဟဲ့ငါ့နှုတ်ခမ်းနီဘယ်သူလာဆိုးသွားလဲ ထက်ပိုင်းကိုကျိုးသွားတယ်။ အလတ်မနဲ့ အငယ်မ
နင်တို့ လားပြော"

"အာမကြီးကလဲ လတ်နဲ့ ငယ်တို့  မသုံးပါဘူး။ မောင်မောင်ပဲဖြစ်မှာပေါ့။
သူဆော့တာနေမှာ"

"အေးအေးဒါဆိုလဲထားလိုက်တော့၊ နင်တို့ ယူသုံးတယ်ထင်လို့ ၊ မောင်မောင်ဆိုရင်တော့
ထားလိုက်တော့ သူကအငယ်လေ"

အဲ့လိုအဲ့လိုကို ကျတော့်အပေါ်မှာအလိုလိုက်ခဲ့ကြတာ။ ကျတော်ကလဲအမတွေရဲ့
ပစ္စည်းတွေဆို အရမ်းကို သုံးကြည့်ချင်တာ။ ကျတော့်ကိုဝယ်ပေးခဲ့တဲ့ သေနတ်ရုပ်ထက်
ဝက်ဝံလေးကိုမှပိုချစ်တာ၊ မော်တော်ကားရုပ်ထက် ပူးရုပ်လေးကိုမှဖက်အိပ်ချင်တာ။
မမတွေကလဲ မောင်မောင်တွက်ဆို အကုန်ရတယ်ပဲ။
ကျတော်ဒီလိုနဲ့ မမတွေနဲ့ ပနံသင့်ခဲ့တယ်ပေါ့ဗျာ။

ဖေဖေကတော့ သိပ်မကြိုက်ခဲ့ဘူးပေါ့။ သားလေးတယောက်ရှိပါတယ် အမတွေနဲ့ တရုံးရုံး၊
အမသူငယ်ချင်းတွေနဲ့ လဲ ဆော့တာဆော့ရဲ့ပေါ့။ ကြာရင်မိန်းကလေးစိတ်ပေါက်မယ်ဆိုလား။
မေမေကတော့ပြောပါတယ်။ မဖြစ်နိုင်တာ သားလေးကငယ်သေးလို့ ပါပေါ့။ ဒီလိုနဲ့ ဖေဖေနဲ
့မေမေ ခဏခဏလဲစကားများပေါင်းများပြီ။

ဒီလိုနဲ့ ကျတော့်ငယ်ဘ၀တွေကတဖြည်းဖြည်းကုန်ဆုံးဆိုသလိုပေါ့။
မမတွေလဲအိမ်ထောင်ကိုယ်စီဆိုပါတော့။ ဖေဖေလဲနောက်နှစ်ဆိုပင်စင်ယူတော့မယ်ဆိုလား။
မေမေကတော့နားနားနေနေပေါ့။ ကျတော်ကိုယ်တိုင်တောင် ဘွဲ့ တွေရလို့ 
အလုပ်တောင်ဝင်နေပြီ။

ဖေဖေကကျတော်အထက်တန်းအောင်တုန်းကတောင် စစ်ထဲသွင်းမယ်လုပ်နေသေးတာ။ မေမေနဲ
့မမကြီးတို့ တတွေ ၀ိုင်းတားကြလို့ ။ ကျတော့်ကိုကျားကျားရားရားဖြစ်စေချင်လို
့တဲ့လေ။ မေမေနဲ့ မမတို့ ကပြောပါတယ် မောင်မောင် အပင်ပန်းခံနိုင်မှာမဟုတ်ဘူးတဲ့။
ဒါလဲဟုတ်တယ်။ ကျတော်ဒါနဲ့ ဆို အလုပ်ပြောင်းခဲ့တာ ၅ခုရှိပြီ။
အလေးအပင်မခိုင်းလို့ ၊ အဆူခံရလို့ ၊ လုပ်ဖော်ကိုင်ဘက်တွေက အတင်းပြောလို့ ၊
သူဌေးက ဂရုမစိုက်လို့ နဲ့ ။ ကျတော်ကလဲအလုပ်သိပ်ရွေးခဲ့တာ။

ဖေဖေကတော့လုံးဝကျတော့်ကို သဘောမကျဘူး။ မင်းသားကိုတပ်ထဲသွင်းမှပါချည်းပဲ။
လှလေးစိန်ဇာတ်ကားပြတုန်းကဆို အောက်စက်နဲ့ ကူးပါထားတာ။
ခဏခဏကိုပြန်ပြန်ပြနေလွန်းလို့  မရိုးတန်းကြည့်ခဲ့ရတာလေ။ ဖေဖေပေါ့
ကျတော့်ကိုစစ်ထဲသွင်းချင်နေတာ။ သူ့ အကြောင်းပြချက်က ကျားကျားရားရားရှိစေချင်လို
့တဲ့။ ဖေဖေ့အတွက် ကျတော်ဘာမှကျေနပ်အောင်မလုပ်နိုင်ခဲ့ပါဘူး။

ဒီနေ့ တော့ကျတော့်ကို ဖေဖေ တော်တော်ကျေနပ်နေပါတယ်။ တကယ်လဲပျော်နေပုံပါပဲ။
ကျတော်ချစ်သူ ရှိကြောင်းဖွင့်ပြောလိုက်လို့ ပေါ့။ ကျတော်ချစ်သူရှိကြောင်း
မပြောရဲခဲ့ပါဘူး။ ဒီနေ့ ကျတော်တော်တော်လေး အရဲစွန့် ပြီးပြောလိုက်တာ။ဖေဖေကလဲ
တကယ်ကိုပျော်သွားတယ်ဆိုတော့ ကျတော်အားရှိသွားပါပြီ။

"ကဲပြော သားချစ်သူက ဘယ်ကလဲ၊ ခေါ်လာခဲ့ကွာ ဖေဖေကိုယ်တိုင်မေးမယ်ဟုတ်ပြီလား၊
ဘယ်တော့ခေါ်လာမလဲပြော"
ဖေဖေအရမ်းကိုတက်ကြွနေပါတယ်၊ ကျတော်ဘာမှပြောချိန်မရလိုက်ပါဘူး။ ကျတော်ဘယ်သူ
့တွေပေါ်မှာပဲ နွဲ့ ခဲ့ဆိုးခဲ့ ၊ ဖေဖေနဲ့ ကျတော်စကားလေးလုံးကွဲအောင်မပြောဖူးဘူး။
ခုလဲဖေဖေက စကားဆုံးနေတော့ကျတော်လဲပြောစရာမရှိတော့ဘူးပေါ့။

"ဟုတ် မောင်မောင် စနေနေ့ ခေါ်လာပါ့မယ်။ မောင်မောင်တို့ ရုံးကပါပဲ၊ သူလဲအလုပ်
အားတယ်ဆိုတော့"

"ကဲသားခေါ်လာမယ်ဆိုတော့ ဖေဖေတို့ မျော်နေရတာပေါ့။ ထမင်းစားဖို့ သီတာကပြင်ဟေ့"
ကျတော်က မောင်မောင်လို့ နံစားသုံးပေမယ့်၊ ဖေဖေကဘယ်တော့မှ မောင်မောင်လို
့မခေါ်ခဲ့တာအမြဲပါပဲ၊ သားလို့ ပြောချင်ပြော၊ စိတ်တိုနေရင် မင်းနဲ
့ပြောချင်ပြောဒါပါပဲ၊ မောင်မောင်ဆိုတာ အမတွေနဲ့ မေမေပဲခေါ်တာပါ။

ဒီလိုနဲ့ စနေနေ့ ကိုရောက်လာတယ်ဆိုပါတော့.....

ကျတော့်ချစ်သူလေးလက်ကိုဆွဲလို့  အိမ်ကိုခေါ်ပေါ့။ ကြုံဖူးတဲ့သူများသိပါလိမ့်မယ်။
ချစ်သူလေးကို အိမ်ခေါ်ပြီးပြရတာ ဘယ်လောက်ရင်ခုန်ဖို့ ကောင်းလဲလို့ နော်။

ဖေဖေနဲ့ မေမေ ဧည့်ခန်းထဲကစောင့်နေပါတယ်။

"သားရေမင်းကောင်မလေး မခေါ်လာဘူးလားကွ"

"မင်းမေမေလဲတွေ့ ချင်နေလှပြီ၊ ဒီချိန်ထိမင်းကရှက်နေတုန်းလားကွာ၊
သူငယ်ချင်းကိုအရင်ခေါ်ပြီးမှသွားခေါ်မလို့ လား ဟ ဟ ဟ"

ဖေဖေပြောလိုက်တဲ့စကားပါ။ ကျတော်ဘာပြောရမုန်းမသိပါ။ ကျတော်နောက်ဆုံးအရဲ စွန်
့ပြီးပြောလိုက်ပါတယ်။

"ဒါသားချစ်သူပါဖေဖေ"

"သားလေးရယ်မနောက်ပါနဲ့ ဒါနောက်စရာမဟုတ်ဘူးလေ။ မင်းဖေဖေစိတ်ဆိုးနေအုံးမယ်"
မေမေ့စကားသံပါ။

"သားမနောက်ပါဘူး။ ဒါသားရဲ့ချစ်သူပါ သူရကသားရဲ့ချစ်သူပါ။ သားသူ
့ကိုအရမ်းချစ်ပါတယ်"

"ငါတယ် မင်း၊ ယောကျာင်္းအချင်းချင်းချစ်စရာလားကွ။ ငါလခွီး"
ဖေဖေအိပ်ခန်းထဲဝင်သွားပါသည်။ ထွက်အလာမှာ သူ
့လက်စွဲတော်ခြောက်လုံးပြူးပါလာပါသည်။

"ဖေကြီးရယ်မလုပ်ပါနဲ့ "
မေမေ့အသံဖြစ်ပါသည်

အခြေအနေမကောင်းတော့ပြီ။ ကျတော့်ချစ်သူလက်ကို ဆွဲလို့ ကျတော်ပြေးရပေမည်။

ကဲသယ်ဂျင်းတို့ ရေ ချစ်တာအပြစ်လားဗျာ........ :P :P :P
leer más...

Sunday, October 4, 2009

မြကျွန်းသာကြီး သက်သေတည် (ဇာတ်သိမ်းပိုင်း)

| | 7 comments

“သံစဉ်..သံစဉ်..”
ကျွန်တော့် ခေါ်သံကြားတော့ သံစဉ်က စက်ဘီးနင်းနေရင်းနောက်ကိုလှည့်ကြည့်သည်။ ကျွန်တော့်ကိုမြင်တော့ အနည်းငယ်အံ့သြသွားပုံရသည်။
“လင်းနေ နင်ကဘယ်ကနေဘယ်လို ပါလာတာလဲ”
“ငါလက်ဖက်ရည်ဆိုင် ထိုင်နေတာ နင့်ကိုတွေ့လို့လိုက်လာတာ ပြောစရာရှိလို့”
“ပြောစရာရှိလို့ ဟုတ်လား ဘာပြောမလို့လဲ”
“ဟိုလေဟာ..ငါပြောမှာက..က.“

ကျွန်တော်စကားတောင် ဆုံးအောင်မပြောလိုက်ရပါဘူး စက်ဘီးက ဂုံးတက်ကိုရောက်နေတာ့ အရှိန်နဲ့နင်းတက် လိုက်ရပါတယ်။ ဒီလိုမျိုးအလျှင်လိုလိုကြီးတော့လည်းမပြောချင်ဘူးလေ အဲ့ဒါနဲ့ဂုံးတက်ကိုအရှိန်နဲ့နင်းတက် လိုက်ရပါတယ်။ အချိန်ကအများကြီးကျန်သေးတာပဲ ဂုံးကျော်မှပြောလည်းဘာမှမဖြစ်နိုင်ဘူးလေ အဲ့ဒီလိုနဲ့ စက် ဘီးကဂုံးကိုကျော်လာပါတယ် ဂုံးတက်ကတော်တော်လေးမြင့်တာရယ် မစီးတာကြာလို့ စီးရတာအသားမကျတာ ရယ်ပေါင်းပြီးအပေါ်ရောက်တော့ အတော်လေးမောဟိုက်နေတယ်။

သံစဉ်ကိုမှီအောင်လိုက်ကပ်ရင်းဂုံးဆင်းမို့မနင်းတော့ပဲထားလိုက်ပါတယ် အရှိန်လေးနဲ့ဆင်းမယ်ပေါ့ စက်ဘီးကိုသံစဉ်နဲ့ ယှဉ်နင်းလိုက်ပါတယ်။ စက်ဘီးကရှေ့ကိုကျွံထွက်သွားပါတယ် ဘရိတ်ညှစ်လိုက်တယ် ဘရိတ်က အိကနဲဆိုပါလာတယ် ဟာကနဲဖြစ်သွားတယ် ဘရိတ်က ဘရိတ်ကြိုးလည်းမပါဘူး စက်ဘီးကအရှိန်ပြင်းပြင်းနဲ့ထိုးဆင်းသွားတယ် ..
leer más...

Thursday, October 1, 2009

Untile

| | 7 comments

ကျွန်တော့်ဆီမှာ သူ့အတွက် သူမ မြင်နိုင်တဲ့
ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေရှိတယ် ။

ကျွန်တော်ဆီမှာ သူ့ အတွက် သူမ မြင်နိုင်တဲ့
ခွင့်လွှတ်နားလည်ခြင်းတွေရှိတယ် ။

ဝေးကွာနေခိုက်
ခံစားချက်တစ်ချို့ ကို
ဒိုင်ယာရီစာမျက်နှာတွေအဖြစ်ဖန်တီးခဲ့ဖူးတယ် .....။

သတိရခြင်းတစ်ချို့ ကို
မျှော်လင့်ခြင်းများဖြင့် ဖြေသိမ့်ခဲ့ဖူးတယ်....။
ဒါတွေကို စိတ်ပျက်အားငယ်နေခြင်းမျိုးတော့ မဟုတ်ပါဘူး ...

တစ်ယောက်ကိုတစ်ယောက်
နားလည်မှု ချစ်ခြင်းတွေနဲ့ 
ပျော်စရာကောင်းတဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်မယ်လို့ 
ယုံကြည်ထားတယ် ..........။

အဲဒီအချိန်ဟာ .
တကယ်ကိုပျော်စရာတွေနဲ့  ပြည့်နေတဲ့
သူနဲ့ ကျွန်တော် ရဲ့ကမ္ဘာလေးပေါ့...။

ကျွန်တော်ယုံကြည်ထားတဲ့
အိမ်မက်တစ်ခုတကယ်လက်တွေ့ဖြစ်လာလိမ့်မယ်လို့ ......။
နှစ်ဦးသားရင်ထဲက ယုံကြည်ထားတယ်....။
တစ်ယောက်နဲ့ တစ်ယောက်..
နားလည်မှုတွေ မျှခြေတစ်ခုခုကိုရောက်လာတဲ့အခါဆိုရင်ပေါ့.....။
အိမ်မက်ဆိုတဲ့အရာတစ်ခုကို
အကောင်အထည်ဖော်ဖို့ကြိုးစားရင်း
အရမ်းလွမ်းနေတယ် ချစ်သည်းရယ်.....။
(သူ့ ကို လွမ်းတဲ့ စိတ်နဲ့ ရင်ထဲမှာရှိတာလေး တွေကို ရေးလိုက်တာပါနော် ....)
အရမ်း လွမ်းနေလို့ ပါဗျာ
ချစ်နန်းဝိုင်
leer más...

Monday, September 28, 2009

မြကျွန်းသာကြီး သက်သေတည် (လင်းနေ)

| | 10 comments




ကျွန်တော်ဆိုသည့်ကောင်က အလွဲတွေနှင့်မွေးဖွားလာသူလို့ပြောရမလောက်အောင်ကို လွဲလွန်းတတ်သည် ထိုသို့အလွဲများကြားတွင်မလွဲမသေရှိနေသည့်အရာတစ်ခုကတော့ ကျွန်တော် သံစဉ်ကို ချစ်ခြင်းဖြစ်သည်။သံစဉ် ဆိုတာ ကျွန်တော်ချစ်သော ကျွန်တော်ကချစ်နေသည်ကိုမသိသေးသော ကျွန်တော်ရဲ့ သူငယ်ချင်းဖြစ်သည်။ တကယ်တော့ မိန်းကလေးဆိုသည်မှာ သဘာဝတရားကြီးကပေးထားသည့် အသိအရ ကျွန်တော်ချစ်နေသည် ကိုသံစဉ်သိရင်သိနေပါလိမ့်မည်။

ဘယ်လိုပဲဖြစ်ပါစေလေ ကျွန်တော်ချစ်နေတာကို သံစဉ်ကသိသိ မသိသိ ကျွန်တော်ကတော့သိအောင်လုပ်ရ မည်လေ။ ခုလည်းကျွန်တော်လက်ဖက်ရည်ဆိုင်မှာထိုင်ရင်းသံစဉ်ကိုစောင့်နေခြင်းဖြစ်သည် မနက်ဆိုသံစဉ် အလုပ်ကိုသွားပါသည်။ အလုပ်ကိုသွားဖို့အတွက် အိမ်ကနေကားဂိတ်ကို လမ်းလျှောက်ရပါသည် ဒါက ကျွန်တော့်အတွက်အခွင့်အရေးဖြစ်သည်။

လက်ဖက်ရည်အရမ်းကြိုက်တဲ့ ကျွန်တော်က လက်ဖက်ရည်အပေါ်ယံကြောများတင်းတဲ့အထိလက်ဖက်ရည်ကို မေ့ကာလမ်းမဘက်ကို စူးစူးစိုက်စိုက်မျှော်နေမိသည်။ သံစဉ်ကခုထိမလာသေးဒီနေ့မှနောက်ကျနေတာလား မသိ စောင့်ရတဲ့အလုပ်ကအရမ်းရင်မောစရာကောင်းပါသည်။ မျှော်နေတုန်းမှာပင် သုတ်သုတ် သုတ်သုတ်နှင့် လာနေသော သံစဉ်ကို လှမ်းမြင်လိုက်ရပါသည်။ ကျွန်တော်လက်ဖက်ရည်ဖိုးကိုအမြန်ရှင်းဖို့ကြိုးစားရသည်။
leer más...

Friday, September 25, 2009

ရင်တုန်ပန်းတုန်ဖြစ်ရတဲ့နေ့

| | 14 comments

မြကျွန်းသာကြီးက တိတ်ဆိတ်သလိုခံစားနေရသည် ခံစားမှု့တွေဘယ်လောက်ပဲသွန်
ချခဲ့ သွန် ချခဲ့မြကျွန်းသာကြီးကတော့ပြောင်းလဲမသွား..။ မြကျွန်းသာကြီးလိုတည်ငြိမ်
ချင်သည် ကိုယ့်ခံ စားချက်နှင့်ကိုယ် ရင်ဘတ်ထဲကလှိုက်မောနေသည် သက်ပြင်းတွေ
လည်း ဘယ်နှစ်ကြိမ် မြောက်ချမိမှန်းမသိ.. သစ်မြစ်ပေါ်ထိုင်ထား၍တင်ပါးတွေလည်း
ကျိန်းစပ်နေသည် ကျောမှီထား သောသစ်ပင်ကလည်း ပူနေပြီ ဒါပေမယ့် ရင်ထဲက
အပူကိုတော့ မှီမယ်မထင်…။

သူများတွေက မြကျွန်းသာကို အတွဲတွေကိုယ်စီနှင့်လာကြသည် ကျွန်တော်ကတော့
တစ် ယောက်တည်း ခံစားချက်တွေ လာရောက်ပွင့်အံခြင်းဖြစ်သည်။ အမှတ်တရများ
စွာတွင် ဒီမြ ကျွန်းသာကြီးကလည်း အမှတ်တရဖြစ်ခဲ့ဖူးပါသည်။ ဒီနေရာမှာ ပါးပြင်
နွေးနွေးလေး၏အငွေ့အ သက်တစ်ချို့ နှင့်သာမန်ထက် ခုန်နှုန်ပိုသောရင်ခုန်သံများ
ရှိခဲ့ဖူးပါသည်။ အဲ့ဒီမြင်နေရသော သစ်ပင်လေးတွေ မြက်ပင်လေးတွေ ငှက်အော်သံ
လေးတွေ ချစ်သူတို့၏တီးတိုးတီးတိုးတွတ် ထိုးသံလေးတွေက ကျွန်တော်တို့အတွက်
တွတ်ထိုးစရာလေးတွေ ဖြစ်ခဲ့ဖူးပါသည်။
leer más...

Wednesday, September 23, 2009

ဧည့်ခန်းထဲကအတိတ်

| | 6 comments

ငါယုံကြည်ချက်တွေဘယ်ဆီရောက်သွားလဲ ?
မျှော်လင့်ချက်တွေေ၀၀ါးသွားတယ်


ပြန်မလာပါနဲ့
ငါမမျှော်လင့်တော့ဘူး

မျှော်လင့်ချက်မနက်ဖြန်တွေအားလုံးငါ့အတွက်မရှိတော့ဘူး
ပေးဆပ်ခဲ့သမျှအားလုံးရှုံးသွားတယ်ကွာ

ငါ့အိမ်မက်မနက်ဖြန်တွေအားလုံးမင်းဖျက်စီးပစ်လိုက်တယ်
စကားလုံးတွေနဲ့ပါ ။.....။

အပြုံးမပါတဲ့နှုတ်ဆက်ခြင်းမျိုးနဲ့
သူနဲ့အဝေးဆုံးကိုငါပြေးထွက်ခဲ့တယ်

ယောက်ျားတစ်ယောက်ရဲ့မာနကိုနင်းခြေနိုင်ခဲ့တဲ့မင်း အောင်နိုင်သူတစ်ယောက်ရဲ့အပြုံးမျိုးနဲ့ဂုဏ်ယူနေလိုက်စမ်းပါ

ငါ့အပေါ်မယုံကြည်ခဲ့တဲ့မင်းအပေါ်
ထားခဲ့မိတဲ့ငါ့ရဲ့သစ္စာတရားတွေကို မီးရှို့ လိုက်ပြီ

ကျိုးပဲ့သွားတဲ့အိမ်မက်အပိုင်းအစတွေကို
ဘယ်တော့မှပြန်ဆက်တော့ဘူး သင်ခန်းစာတစ်ခုအဖြစ်နဲ့အမြဲအမှတ်ရနေအောင်ဘောင်ခတ်ပြီးဧည့်ခန်းနံရံမှာချိတ်ထားမယ်။Image and video hosting by TinyPic
leer más...

Saturday, September 19, 2009

မင်းအတွက်

| | 3 comments

မျှော်လင့်ခြင်းတစ်ခုပျက်သုန်းတဲ့အခါ ….
အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့သူမှန်း အခုမှသိတော့တယ် ..။

အဆိပ်အတောက်ဖြစ်သွားတဲ့ ငါ့ချစ်ခြင်းတွေ
အမှိုက်တစဖြစ်ခဲ့လို့မီးရှို့ ခံရတာပဲ …။

အကြိမ်ကြိမ်လဲပြိုခဲ့တဲ့ ငါ့အိမ်မက်တွေကို
အကြိမ်ကြိမ်ပြန်တည်ဆောက်ဖို့ ငါကြိုးစားခဲ့ဖူးတာပဲ …။

နောက်ဆုံးတော့လည်းနှုတ်ဆက်ခြင်းသာအဖတ်တင်ခဲ့တယ် ..။
ဝမ်းမနည်းတော့ပါဘူး ။
တစ်စစီဖြစ်နေတဲ့ငါ့နှလုံးသား မကြာခင်သေဆုံးရမယ်ဆိုတာ
ငါသိနှင့်ပြီးသားပါ ..။

မျက်ရည်တွေမလိုချင်ပါဘူး ..။ အပြုံးတွေဝေနေတာကိုပဲမြင်ချင်တယ် …။

နောက်လှည့်မကြည့်ပါနဲ့ ..။
နားမလည်နိုင်တဲ့ဘာသာစကားတစ်ချို့ကို ကြားနေပေမယ့်မင်းသိမှာမဟုတ်ပါဘူး ..။

မင်းယုံကြည်တဲ့အမှန်တရားအတွက်
ထပ်တူမညီခဲ့တဲ့ချစ်ခြင်းတွေအတွက်
မင်းရွေးချယ်တဲ့လမ်းက မင်းအတွက်အမှန်ဆုံးဖြစ်ပါလိမ့်မယ် …။

Image and video hosting by TinyPic
leer más...
welcome from my love home

အကြံပေးလိုလျှင် deathnote.LLLLLL@gmail.com


အော်လံ

သူတို့မှတ်ချက်တွေ

ရိုးရာတို့ပျင်းချိန်

BloggerStop

တမင်လမ်းမှားကြ သူများး)))

 
 

Diseñado por: Compartidísimo
Con imágenes de: Scrappingmar©

 
Ir Arriba