Saturday, December 19, 2009

မှောင်နေတဲ့မြို့ကလေး

| |

မြို့ကလေးကခြောက်ကပ်လို့ နီယွန်မီးတွေကလည်းဟိုတစ်ကွက်ဒီတစ်ကွက်
အမှောင်ကြောက်ကျသူတစ်ချို့ရယ် အမှောင် နှစ်သက်သူတစ်ချို့ရယ်အားပြိုင်လို့
ညဥ့်ကလည်း အထီးကျန်နေတယ်။
စားနေကြကြောင်ဖားကြီးတွေကလည်း အရောင်လဲ့နေတဲ့မျက်လုံးတွေနဲ့
ကြွက်ကလေးတွေကို ချောင်းလို့ ပလက်ဖောင်းဘေးအိပ်နေသူကတော့ဘာသိဘာသာရယ်

ချဉ်စူးစူးစိတ်ဓါတ်တွေနဲ့ အနံ့အသက်တွေက အော်ဂလီဆန်စရာကောင်းတယ်
ညဥ့်တွေကလှသလောက် လူတစ်ချို့ကညစ်ပတ်ပေရေနေတယ်
ဟိုးရှေ့မှာ ငိုမြည်းနေတဲ့ဆိုက်ကားသမားတစ်ချို့ရယ် မိုးလင်းပေါက်ဖွင့်တဲ့လက်ဖက်ရည်ဆိုင်ရယ်
တစ်ရေးနိုး အာရုံဆေးဖို့ လက်ဖက်ရည်တစ်ခွက်နဲ့ ဆေးလိပ်မိးခိုးတစ်ခုရယ်
လူတစ်ယောက်စ နှစ်ယောက်စ က ညဥ့်ကိုအတော်အတန်သင့်ပြည့်စုံစေတယ်

ဘူတာအိုကြီးကတော့ ငိုက်မြည်းလို့ တိတ်ဆိတ်နေတယ်
ရထားစောင့်ရင်း အိပ်နေသူတစ်ချို့ရယ် ညလုံးပေါက်ဈေးသည်တွေရယ်
ကိုယ့်လိပ်ပြာကိုယ်လုံဖို့ကြိုးစားနေသူတစ်ချို့က လွဲရင်ဘူတာကြီးကအေးစက်
သူရခဲ့တဲ့ဒဏ်ရာတွေအတွက် ထုသားပေသားကျပုံပေါ်နေပြီ သူ့ဟာသူလဲလျှောင်းလို့
နောက်ဆုံးတော့ သူ့မှာ ဒုံရင်းကဒုံရင်းပါပဲလေ
အရာအားလုံးကိုတနေ့ထက်တနေ့ အိုမင်းရင့်ရော်လာတဲ့အကြည့်တွေနဲ့သာကြည့်လို့

ဒါကျုပ်တို့မြို့
1998 ခုနှစ်စွန်းဆီပေါ့ ကျုပ်က ဒီမြို့လေးမှာပျော်ပျော်ရွှင်ရွှင်ပါဝင်ကပြခဲ့ဖူးတယ်
နေ့ချင်းညချင်း လမ်းဘေးဝဲယာ လင်းချင်းလို့
ဆောက်လက်စ တိုက်ကြီးတွေကလည်း ဘုံးဘောလအော
ဈေးဆိုင်တန်းတွေ ဗီဒီယိုရုံတွေ ရုပ်ရှင်ရုံတွေ နဲ့စည်ကားလို့
စက်ဘီးကနေဆိုင်ကယ် မှန်လုံကားထိ တရိပ်ရိပ်တိုးတက်
လူတိုင်းပြုံးနေနိုင်ခဲ့တယ်
ဒါကျုပ်တို့မြို့

မြို့ကလေးကချောက်ကပ်လို့
နီယွန်မီးတွေကလည်းဟိုတစ်ကွက်ဒီတစ်ကွက်
အမှောင်ကြောက်ကျသူတစ်ချို့ရယ် အမှောင် နှစ်သက်သူတစ်ချို့ရယ်အားပြိုင်လို့
ညဥ့်ကလည်း အထီးကျန်နေတယ်။
စားနေကြကြောင်ဖားကြီးတွေကလည်း အရောင်လဲ့နေတဲ့မျက်လုံးတွေနဲ့
ကြွက်ကလေးတွေကို ချောင်းလို့ ပလက်ဖောင်းဘေးအိပ်နေသူကတော့ဘာသိဘာသာရယ်
ဆေးသားကွာကျနေတဲ့တိုက်ကြီးတွေရယ်
မညီညာမပြန့်ပြူးတော့တဲ့ လမ်းတွေရယ် ချောက်ကပ်ကပ်နဲ့တိတ်ဆိတ်လို့
ကျုပ်တို့မြို့ကလေးမှောင်လာပြီ
ကျုပ်…တို့…မြို့…က…လေး..မှောင်…လာ…ပြီ။




Image and video hosting by TinyPic

2 comments:

Ir arriba
စည်သူ said...

အင်း....

ကဲ မြကျွန်းသာကြီးရေ.. အရင်ဆုံးရေက်လာတယ်..
ဆက်လိုက်အုံးမယ်နော်...

ကျန်းမာအောင်နေပြီး စာလည်းရေးအုံး..
ကိစ္စရှိရင်လည်း ခွင့်တိုင်သွားအုံး...

မပြောမဆိုနဲ့ ပျောက်မသွားနဲ့အုံး.

စည်သူ said...

အင်း...
တစ်မျိုးလေးပါလား..
မောသွားတယ် မြကျွန်းသာရယ်.. ရေးဖွဲ့ထားပုံလေး ကောင်းတယ်ဗျာ..

ဒါပေမယ့် မောတယ်.. မောတယ်.. မောတယ်..
ကျုပ်တို့ မြို့လေး.. ကျုပ်တို့ မြို့လေး...

Post a Comment

အခုလို တခုတ်တရ လာရောက်မှတ်ချက်ပြုတာကို
ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့အားလုံးစိတ်၏
ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ..။

welcome from my love home

အကြံပေးလိုလျှင် deathnote.LLLLLL@gmail.com


အော်လံ

သူတို့မှတ်ချက်တွေ

ရိုးရာတို့ပျင်းချိန်

BloggerStop

တမင်လမ်းမှားကြ သူများး)))

 
 

Diseñado por: Compartidísimo
Con imágenes de: Scrappingmar©

 
Ir Arriba