( ဒါလေး ကို သူငယ်ချင်းတစ်ယောက် ပို့ ပေးလိုက်တာပါ ... သူရဲ့ အဖြစ်မှန်လေး ထင်ပါတယ် သူနာမည်ကို သူကိုယ်တိုင်ပေးထားတာတော့ ဓါးကိုက်နတ်ဆိုးဆိုဘဲ ဘယ်လောက်တောင် သတ္တိရှိလဲဆိုတော့ သူချစ်တဲ့ ကောင်မလေး ကိုချစ်တယ်လို့ ဖွင့်တောင် မပြောရဲဘူးတဲ့ဗျာ .ကျွန်တော် ထင်တယ် ဒီကောင် ကောင်မလေး ကိုချစ်တယ်လို့  ဖွင့်မပြောရဲတာနဲ့ ကောင်လေးကို သွားကြိုက်လိုက်တာဖြစ်မယ် ..)ဟိဟိ..း));)
"ဟာ သားမှာချစ်သူရှိတယ်ဟုတ်လား။"
ဒါကဖေဖေပြောလိုက်တဲ့စကားပါ။ တော်တော်လဲပျော်နေပုံရပါတယ်။
"ငါ့သားကဒီလိုတော့လဲဟုတ်သားပဲကွ
၊ ကဲငါမပြောဘူးလား ပတ္တမြားမှန်နွံမနစ်ပါဘူးလို
့"
ထပ်ဆင့် ဖေဖေ့အသံပါ။ သူတော်တော်ကျေနပ်နေပုံရပါတယ်။
ဟုတ်တယ်သူတော်တော်ပျော်နေတာပါ။
"သီတာရေ မင်းသားမှာချစ်သူရှိနေပြီတဲ့ကွ၊ လာစမ်းပါအုံး၊ ကဲပြောသား
သားချစ်သူကိုဘယ်တော့ခေါ်လာမလဲ၊ ဖေဖေ့ကိုပြော၊ ဖေဖေအားလုံးစီစဉ်ထားမယ်"
ဖေဖေမေမေ့ကို ဒီလိုမခေါ်တာကြာပါပြီ မေကြီးရေလို့ ပဲခေါ်နေကြပါ။ ကျတော်တို့ 
မိသားစုလေးထဲမှာ ဖေဖေက အိနြေ္ဒအရှိဆုံး ခံစားချက်တွေကိုလဲ
အပြင်ကိုထုတ်မပြတတ်ဘူး။ ခုတော့ မေမေ့ကို ငယ်မူအတိုင်းသီတာလို့  ခေါ်လိုက်ထဲက
ဖေဖေ ဘယ်လောက်ပျော်နေလဲဆိုတာ သိသာပါတယ်။
ဖေဖေဆိုလို့ ကျတော်တို့ မိသားစုအကြောင်းလေးလဲပြောပြရအုံးမယ်။ ဖေဖေကတပ်မတော်က
အရာရှိကြီးတယောက်ပါ မိသားစုပေါ်မှာ လေးနက်တယ်၊ တည်ကြည်တယ်၊ ဘယ်တော့မှ
အပြုံးအရီနဲ့ ရွှတ်နောက်နောက်စကားမပြောတတ်ဘူး။ မေမေကတော့
အငြိမ်းစားကျောင်းအုပ်ကြီးဆိုပါတော့။ သားသမီးတွေအပေါ်မှာ တပည့်လေးတွေလို
သွန်သင်သင့်တာသွန်သင်တယ်၊ စည်းကမ်းပိုင်းမှာတော့စံပါပဲဗျာ။
ဟုတ်ကဲ့ကျတော် ကျတော်ကတော့ မိသားစုဝင်ထဲက အငယ်ဆုံးအထွေးဆုံးနဲ့ 
အလိုလိုက်ခံရဆုံးပေါ့။ ကျတော့်အပေါ်မှာ အမချည်းပဲ သုံးယောက်ရှိပါတယ်။
မမကြီးကအစမမငယ်ထိ ကျတော့်ကို ချစ်လိုက်တာပြောမနေနဲ့  ကျတော်ကလဲကျတော်ပဲလေ
ရလလောက်ကို နွဲ့ ဆိုးဆိုးခဲ့တာချည်းပဲ။
အမသုံးယောက်တင်မကဘူး အမတွေရဲ့ သူငယ်ချင်းတွေနဲ့ ပါ ကျတော်ကဆိုးခဲ့တာ၊
ခင်ခဲ့တာဗျ။
အမတွေနဲ့ ကလဲအသက်ကွာတယ် အမငယ်တောင်ကျတော့်ထက် ၇နှစ်လောက်ကြီးတာ။ ဖေဖေတို
့အသက်ကြီးမှကျတော်ရခဲ့တာဆိုပဲ။ ကျတော်မွေးခါစက မေမေ့ကိုဖေဖေက
သီတာရေဆိုတာထပ်နေတာပဲတဲ့ မမကြီးကို မွေးပြီးထဲက ဖေဖေကမေမေ့ကို မေကြီးလို
့ပဲခေါ်ခဲ့တာ။
အမတွေကြားကြီးခဲ့တဲ့သူလို့ ပဲပြောရမှာပေါ့။ ဟီးပြောရရင်ကျတော်နဲနဲနွဲ့ တယ်ဗျ။
ငယ်ငယ်ကဆိုအမတွေက အချစ်ပိုခဲ့တာဆိုတော့ သူတို့ အမြတ်တနိုးထားတဲ့
အလှပြင်ပစ္စည်းတွေဆိုတာ ကျတော်ကလွဲလို့ ဘယ်သူမှကိုင်ခွင့်မရှိခဲ့ဘူးလေ။
"ဟဲ့ငါ့နှုတ်ခမ်းနီဘယ်သူလာဆိုးသွားလဲ ထက်ပိုင်းကိုကျိုးသွားတယ်။ အလတ်မနဲ့ အငယ်မ
နင်တို့ လားပြော"
"အာမကြီးကလဲ လတ်နဲ့ ငယ်တို့  မသုံးပါဘူး။ မောင်မောင်ပဲဖြစ်မှာပေါ့။
သူဆော့တာနေမှာ"
"အေးအေးဒါဆိုလဲထားလိုက်တော့၊ နင်တို့ ယူသုံးတယ်ထင်လို့ ၊ မောင်မောင်ဆိုရင်တော့
ထားလိုက်တော့ သူကအငယ်လေ"
အဲ့လိုအဲ့လိုကို ကျတော့်အပေါ်မှာအလိုလိုက်ခဲ့ကြတာ။ ကျတော်ကလဲအမတွေရဲ့
ပစ္စည်းတွေဆို အရမ်းကို သုံးကြည့်ချင်တာ။ ကျတော့်ကိုဝယ်ပေးခဲ့တဲ့ သေနတ်ရုပ်ထက်
ဝက်ဝံလေးကိုမှပိုချစ်တာ၊ မော်တော်ကားရုပ်ထက် ပူးရုပ်လေးကိုမှဖက်အိပ်ချင်တာ။
မမတွေကလဲ မောင်မောင်တွက်ဆို အကုန်ရတယ်ပဲ။
ကျတော်ဒီလိုနဲ့ မမတွေနဲ့ ပနံသင့်ခဲ့တယ်ပေါ့ဗျာ။
ဖေဖေကတော့ သိပ်မကြိုက်ခဲ့ဘူးပေါ့။ သားလေးတယောက်ရှိပါတယ် အမတွေနဲ့ တရုံးရုံး၊
အမသူငယ်ချင်းတွေနဲ့ လဲ ဆော့တာဆော့ရဲ့ပေါ့။ ကြာရင်မိန်းကလေးစိတ်ပေါက်မယ်ဆိုလား။
မေမေကတော့ပြောပါတယ်။ မဖြစ်နိုင်တာ သားလေးကငယ်သေးလို့ ပါပေါ့။ ဒီလိုနဲ့ ဖေဖေနဲ
့မေမေ ခဏခဏလဲစကားများပေါင်းများပြီ။
ဒီလိုနဲ့ ကျတော့်ငယ်ဘ၀တွေကတဖြည်းဖြည်းကုန်ဆုံးဆိုသလိုပေါ့။
မမတွေလဲအိမ်ထောင်ကိုယ်စီဆိုပါတော့။ ဖေဖေလဲနောက်နှစ်ဆိုပင်စင်ယူတော့မယ်ဆိုလား။
မေမေကတော့နားနားနေနေပေါ့။ ကျတော်ကိုယ်တိုင်တောင် ဘွဲ့ တွေရလို့ 
အလုပ်တောင်ဝင်နေပြီ။
ဖေဖေကကျတော်အထက်တန်းအောင်တုန်းကတောင် စစ်ထဲသွင်းမယ်လုပ်နေသေးတာ။ မေမေနဲ
့မမကြီးတို့ တတွေ ၀ိုင်းတားကြလို့ ။ ကျတော့်ကိုကျားကျားရားရားဖြစ်စေချင်လို
့တဲ့လေ။ မေမေနဲ့ မမတို့ ကပြောပါတယ် မောင်မောင် အပင်ပန်းခံနိုင်မှာမဟုတ်ဘူးတဲ့။
ဒါလဲဟုတ်တယ်။ ကျတော်ဒါနဲ့ ဆို အလုပ်ပြောင်းခဲ့တာ ၅ခုရှိပြီ။
အလေးအပင်မခိုင်းလို့ ၊ အဆူခံရလို့ ၊ လုပ်ဖော်ကိုင်ဘက်တွေက အတင်းပြောလို့ ၊
သူဌေးက ဂရုမစိုက်လို့ နဲ့ ။ ကျတော်ကလဲအလုပ်သိပ်ရွေးခဲ့တာ။
ဖေဖေကတော့လုံးဝကျတော့်ကို သဘောမကျဘူး။ မင်းသားကိုတပ်ထဲသွင်းမှပါချည်းပဲ။
လှလေးစိန်ဇာတ်ကားပြတုန်းကဆို အောက်စက်နဲ့ ကူးပါထားတာ။
ခဏခဏကိုပြန်ပြန်ပြနေလွန်းလို့  မရိုးတန်းကြည့်ခဲ့ရတာလေ။ ဖေဖေပေါ့
ကျတော့်ကိုစစ်ထဲသွင်းချင်နေတာ။ သူ့ အကြောင်းပြချက်က ကျားကျားရားရားရှိစေချင်လို
့တဲ့။ ဖေဖေ့အတွက် ကျတော်ဘာမှကျေနပ်အောင်မလုပ်နိုင်ခဲ့ပါဘူး။
ဒီနေ့ တော့ကျတော့်ကို ဖေဖေ တော်တော်ကျေနပ်နေပါတယ်။ တကယ်လဲပျော်နေပုံပါပဲ။
ကျတော်ချစ်သူ ရှိကြောင်းဖွင့်ပြောလိုက်လို့ ပေါ့။ ကျတော်ချစ်သူရှိကြောင်း
မပြောရဲခဲ့ပါဘူး။ ဒီနေ့ ကျတော်တော်တော်လေး အရဲစွန့် ပြီးပြောလိုက်တာ။ဖေဖေကလဲ
တကယ်ကိုပျော်သွားတယ်ဆိုတော့ ကျတော်အားရှိသွားပါပြီ။
"ကဲပြော သားချစ်သူက ဘယ်ကလဲ၊ ခေါ်လာခဲ့ကွာ ဖေဖေကိုယ်တိုင်မေးမယ်ဟုတ်ပြီလား၊
ဘယ်တော့ခေါ်လာမလဲပြော"
ဖေဖေအရမ်းကိုတက်ကြွနေပါတယ်၊ ကျတော်ဘာမှပြောချိန်မရလိုက်ပါဘူး။ ကျတော်ဘယ်သူ
့တွေပေါ်မှာပဲ နွဲ့ ခဲ့ဆိုးခဲ့ ၊ ဖေဖေနဲ့ ကျတော်စကားလေးလုံးကွဲအောင်မပြောဖူးဘူး။
ခုလဲဖေဖေက စကားဆုံးနေတော့ကျတော်လဲပြောစရာမရှိတော့ဘူးပေါ့။
"ဟုတ် မောင်မောင် စနေနေ့ ခေါ်လာပါ့မယ်။ မောင်မောင်တို့ ရုံးကပါပဲ၊ သူလဲအလုပ်
အားတယ်ဆိုတော့"
"ကဲသားခေါ်လာမယ်ဆိုတော့ ဖေဖေတို့ မျော်နေရတာပေါ့။ ထမင်းစားဖို့ သီတာကပြင်ဟေ့"
ကျတော်က မောင်မောင်လို့ နံစားသုံးပေမယ့်၊ ဖေဖေကဘယ်တော့မှ မောင်မောင်လို
့မခေါ်ခဲ့တာအမြဲပါပဲ၊ သားလို့ ပြောချင်ပြော၊ စိတ်တိုနေရင် မင်းနဲ
့ပြောချင်ပြောဒါပါပဲ၊ မောင်မောင်ဆိုတာ အမတွေနဲ့ မေမေပဲခေါ်တာပါ။
ဒီလိုနဲ့ စနေနေ့ ကိုရောက်လာတယ်ဆိုပါတော့.....
ကျတော့်ချစ်သူလေးလက်ကိုဆွဲလို့  အိမ်ကိုခေါ်ပေါ့။ ကြုံဖူးတဲ့သူများသိပါလိမ့်မယ်။
ချစ်သူလေးကို အိမ်ခေါ်ပြီးပြရတာ ဘယ်လောက်ရင်ခုန်ဖို့ ကောင်းလဲလို့ နော်။
ဖေဖေနဲ့ မေမေ ဧည့်ခန်းထဲကစောင့်နေပါတယ်။
"သားရေမင်းကောင်မလေး မခေါ်လာဘူးလားကွ"
"မင်းမေမေလဲတွေ့ ချင်နေလှပြီ၊ ဒီချိန်ထိမင်းကရှက်နေတုန်းလားကွာ၊
သူငယ်ချင်းကိုအရင်ခေါ်ပြီးမှသွားခေါ်မလို့ လား ဟ ဟ ဟ"
ဖေဖေပြောလိုက်တဲ့စကားပါ။ ကျတော်ဘာပြောရမုန်းမသိပါ။ ကျတော်နောက်ဆုံးအရဲ စွန်
့ပြီးပြောလိုက်ပါတယ်။
"ဒါသားချစ်သူပါဖေဖေ"
"သားလေးရယ်မနောက်ပါနဲ့ ဒါနောက်စရာမဟုတ်ဘူးလေ။ မင်းဖေဖေစိတ်ဆိုးနေအုံးမယ်"
မေမေ့စကားသံပါ။
"သားမနောက်ပါဘူး။ ဒါသားရဲ့ချစ်သူပါ သူရကသားရဲ့ချစ်သူပါ။ သားသူ
့ကိုအရမ်းချစ်ပါတယ်"
"ငါတယ် မင်း၊ ယောကျာင်္းအချင်းချင်းချစ်စရာလားကွ။ ငါလခွီး"
ဖေဖေအိပ်ခန်းထဲဝင်သွားပါသည်။ ထွက်အလာမှာ သူ
့လက်စွဲတော်ခြောက်လုံးပြူးပါလာပါသည်။
"ဖေကြီးရယ်မလုပ်ပါနဲ့ "
မေမေ့အသံဖြစ်ပါသည်
အခြေအနေမကောင်းတော့ပြီ။ ကျတော့်ချစ်သူလက်ကို ဆွဲလို့ ကျတော်ပြေးရပေမည်။
ကဲသယ်ဂျင်းတို့ ရေ ချစ်တာအပြစ်လားဗျာ........ :P :P :P
Tuesday, October 6, 2009
Subscribe to:
Post Comments (Atom)
12 comments:
ချစ်တာတော့ ချစ်ပေါ့ကွယ်....မုန်းတာထက်စာရင် တော့
လူသားအားလုံး ချစ်ကြခင်ကြတာ ကောင်းပါတယ် .. :))
အောင်မငီး ဘယ့်နှယ့်ဟာပါလိမ့်....
ဟဟ ထင်တော့ ထင်သား..နှုတ်ခမ်းနီ ဆိုးတယ်ဆိုကတည်းက... လက်စသတ်တော့ သူက အားနွဲ့ တဲ့သူကိုး...
ဟင်..အဟုတ်မှတ်လို့ ...ချစ်တတ်လိုက်တာနော်...
တကတည်းတော်.. :PPPPPPPPPPPPPP
ဟိဟိ နင်လေ အားဂျီးရီရတယ် သိလား အမငီးးးး အရေးထဲမှာ ဂေး ဖြစ်နေတယ် ဟက်
မှားပါတယ်..သာအေးရယ်
ဟဟ.....အရမ်းရယ်ရတယ်ဟေ့....
အဲဒီလို ဇာတ်လမ်းလေးတွေလည်း ဇာတ်ကားထဲမှာကြည့်ဘူးတယ်....
ကြောက်စရာကြီး....:(
အဟားးးးးး ချစ်တာအပြစ်လားးးးးးးးး
အဟဲ အပြစ်မတင်ရက်တော့ပါ။ ဟဟားးးးးးးးးး
ဟုတ်တယ်နော် ချစ်တာ အပြစ်လားလို့
ကိုယ်ချစ်ချင်တဲ့သူကိုပဲ ချစ်မှာပေါ့နော့် ဟိဟိ မောင်မောင့်ကို အပြည့်အဝ အားပေးသွားပါတယ်ရှင့် :)
ဟားဟား....
ဘုရားဘုရား ခေါင်းတွေမူးလိုက်တာဗျာ....
ချစ်တာတော့ အပြစ်မဆိုပါဘူး.. ဒါပေမယ့် ဟားဟား... ပြောပြတော့ဘူးဗျာ...
ပြောရင်းနဲ့တောင် ကြက်သီးထလာလို့...
ဖြစ်တတ်ပါတယ်လေ...
တော်သေးလို့ ယောက်ကလျာနဲ့မဟုတ်လို့လေ....
လူကြမ်းကြီးဆိုတာက Angelshaper လေ.. သူပေးထားတာ.. ကျနော်လည်းသိဘူး.. သူ့မေးကြည့်...
ကျနော်ကတော့ သူ့ကိုချင်းတောင်းလေးလို့ပြန်ပေးထားတယ်... ဟဲဟဲ... အခုတော့ လူကြမ်းကြီးဖြစ်တော့မယ်... ပြည့်စုံစင်စစ်ကနေ...
ပျော်ရွှင်ပါစေဗျာ...
အင်..... မှတ်ကရော... ချစ်တာ အပြစ်လားလို့ မေးစရာလား... တားတို့တော့ အဲဒါမျိုး ချိတ်မဝင်ချားဘူး... ဟားဟားဟား
Post a Comment
အခုလို တခုတ်တရ လာရောက်မှတ်ချက်ပြုတာကို
ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့အားလုံးစိတ်၏
ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ..။