Sunday, October 4, 2009

မြကျွန်းသာကြီး သက်သေတည် (ဇာတ်သိမ်းပိုင်း)

| |

“သံစဉ်..သံစဉ်..”
ကျွန်တော့် ခေါ်သံကြားတော့ သံစဉ်က စက်ဘီးနင်းနေရင်းနောက်ကိုလှည့်ကြည့်သည်။ ကျွန်တော့်ကိုမြင်တော့ အနည်းငယ်အံ့သြသွားပုံရသည်။
“လင်းနေ နင်ကဘယ်ကနေဘယ်လို ပါလာတာလဲ”
“ငါလက်ဖက်ရည်ဆိုင် ထိုင်နေတာ နင့်ကိုတွေ့လို့လိုက်လာတာ ပြောစရာရှိလို့”
“ပြောစရာရှိလို့ ဟုတ်လား ဘာပြောမလို့လဲ”
“ဟိုလေဟာ..ငါပြောမှာက..က.“

ကျွန်တော်စကားတောင် ဆုံးအောင်မပြောလိုက်ရပါဘူး စက်ဘီးက ဂုံးတက်ကိုရောက်နေတာ့ အရှိန်နဲ့နင်းတက် လိုက်ရပါတယ်။ ဒီလိုမျိုးအလျှင်လိုလိုကြီးတော့လည်းမပြောချင်ဘူးလေ အဲ့ဒါနဲ့ဂုံးတက်ကိုအရှိန်နဲ့နင်းတက် လိုက်ရပါတယ်။ အချိန်ကအများကြီးကျန်သေးတာပဲ ဂုံးကျော်မှပြောလည်းဘာမှမဖြစ်နိုင်ဘူးလေ အဲ့ဒီလိုနဲ့ စက် ဘီးကဂုံးကိုကျော်လာပါတယ် ဂုံးတက်ကတော်တော်လေးမြင့်တာရယ် မစီးတာကြာလို့ စီးရတာအသားမကျတာ ရယ်ပေါင်းပြီးအပေါ်ရောက်တော့ အတော်လေးမောဟိုက်နေတယ်။

သံစဉ်ကိုမှီအောင်လိုက်ကပ်ရင်းဂုံးဆင်းမို့မနင်းတော့ပဲထားလိုက်ပါတယ် အရှိန်လေးနဲ့ဆင်းမယ်ပေါ့ စက်ဘီးကိုသံစဉ်နဲ့ ယှဉ်နင်းလိုက်ပါတယ်။ စက်ဘီးကရှေ့ကိုကျွံထွက်သွားပါတယ် ဘရိတ်ညှစ်လိုက်တယ် ဘရိတ်က အိကနဲဆိုပါလာတယ် ဟာကနဲဖြစ်သွားတယ် ဘရိတ်က ဘရိတ်ကြိုးလည်းမပါဘူး စက်ဘီးကအရှိန်ပြင်းပြင်းနဲ့ထိုးဆင်းသွားတယ် ..


“ ဘေးကို..ဘေးကို ဘေးကို ..ဘေးကိုဖယ်နေကြပါ..

ကျွန်တော့်မှာစက်ဘီးကိုလည်းထိန်းရ ပါးစပ်ကလည်းအော်ရနဲ့တစ်ယောက်တည်း ကို့ယို့ကားယားကြီးဖြစ်နေတယ် စက် ဘီးကမစီးတာကြာ အသားကလည်းမကျဆိုတော့ စက်ဘီးကဘေးကိုဆွဲထွက်သွားပြီး ပလက်ဖောင်းကို ၀င်တိုက်ကာ လူက လွင့်ကနဲဆိုမြောက်တက်ပြီး လူကရှေ့ကိုထိုးကျသွားတယ်။.
…………………………………………
……………………………………………
“လင်းနေ….လင်းနေ”
အသံတွေဝိုးတိုးဝါးတားကြားနေရတယ် ခေါင်းထဲကစူးစူးဝါးဝါးကိုက်ခဲနေတယ် စက်ဘီးရယ် ရှေ့ကဓါတ်တိုင်းကြီးရယ်..
“အား..ကျွတ်..ကျွတ် ..ကျွတ်..”
“ငါ ဘယ်ရောက်နေတာလဲ ဟင်”
“နင်ဘယ်ရောက်နေလဲ ဟုတ်လား လင်းနေ ဆေးရုံရောက်နေတာလေ နင်ဟာလေဖြစ်လိုက်ရင်အသည်းအသန်းကြီး ပဲစက်ဘီးစီးတာများ ဘရိတ်မပါ၊ ဘဲ(ကလင်) မပါပဲ စီးရတယ်လို့ နင်တိုက်မိတာတောင်နည်းသေးသိလား”
“ငါက အဲ့ဒီစက်ဘီး ဘရိတ်မပါမှန်းငါလည်းဘယ်သိမလဲဟ နင့်နောက်လိုက်ချင်ဇောနဲ့တက်စီးလာမိတာ”
“ငါနောက်လိုက်ချင်ဇောနဲ့ ဟုတ်လား နေပါဦးနင်က ငါ့နောက်ကိုဘာလို့လိုက်ချင်ရတာလဲ”
“ဘာဖြစ်ရမလဲ ဟ ငါကနင့်ကိုချစ်တယ်ပြောဖို့လေ ပြောမှမထွက်တာကို ငါနင့်ကိုချစ်တယ်လို့ပြောဖို့ကြိုးစားတိုင် ပြောလို့ မရဘူးဖြစ်ဖြစ်နေတာ ငါကိုကသတ္တိနည်းပါတယ်ဟာ ငါနင့်ကိုချစ်တယ်ဆိုတဲ့စကား သေချာသတ္တိမွေးပြီးပြောမယ်ဟာ ခုတော့ ငါမပြောရဲသေးဘူးဖြစ်နေတယ်”

“လင်းနေ နင်ဟာလေ ငကြောင်သိလား ငကြောင်ပဲ”
“အေး ဟာ ချစ်တယ်ဆိုတာကို ကြောင်တယ်လို့ပဲပြောပြော ခံရမှာပဲ”
“လင်းနေ နင်ဟာလေ နင့်ပါးစပ်ကတော့ ငါ့ကိုချစ်တယ်မပြောရဲဘူး ဘာညာနဲ့ နင်ပြောနေတာ ကဘာလဲ”
“ဟင်…… ဟုတ်သား ဘွားတေး ဘွားတေး အဲ မ ဘွားတေး မဟုတ်သေးပါဘူး ငါက အေးဟုတ်သားနော် ငါနင့်ကိုချစ်တယ် လို့ ပြောလိုက်ပြီပဲဟာ”
“ ဟွန်း ”
“ခုမှ မထူးတော့ပါဘူးဟာ ငါ့နင့်ကိုချစ်တာ တကယ်ပါ ဟာ”
သံစဉ် မျက်နှာရဲကနဲဖြစ်သွားတယ် ချစ်လိုက်တာဗျာ ကျွန်တော့်လက်ကလေးကိုမသိမသာသူ့ဆီလှမ်းလိုက်တယ် ဒီလက် ကလေးကိုကိုင်ခွင့်ရနေတာကြာပါပြီ..
“ဟေး ဒီအခန်းကွ လာလာ ဒီကောင်ဒီအခန်းမှာ”
ဆူဆူညံညံအသံတွေနဲ့အတူ ကျွန်တော့် သူငယ်ချင်းတွေဝင်လာတယ်
“ဟေ့ကောင် လင်းနေ မသေကောင်းမပျောက်ကောင်းကွာ ”
“သွားမပြောနဲ့ ဒီကောင်ကအချစ်အတွက်အသက်ပင်သေသေ ဆိုတဲ့ စကားပုံကိုလက်တွေ့ပြတာ”
“နေပါဦး ကျော်ကြီးမင်းက မင်းစက်ဘီး ဘရိတ်မမိတာ ငါ့ကိုဘာလို့မပြောတာလဲ“
“အမ် ငါပြောဖို့လေ မင်းသာဘာမွှန်ပြီးထွက်သွားတာ တားချိန်တောင်မရလိုက်ဘူး”

စကားတွေပြောကြပြီးခဏနေတော့ အိမ်ကလိုက်လာကြတယ် သူငယ်ချင်းတွေလည်းပြန်သွားတယ် သံစဉ်လည်း ပြန်သွား တယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါအလွဲကတော့ ကျွန်တော့်အတွက်တန်တယ်လို့ဆိုရမှာပဲ ..။

Xxxxxxxxxxxxxxxxxxxxxxxx

အပြင်ထွက်ရမှာပျင်းလွန်းလို့ အိမ်ထဲမှာကွေးနေမိတယ် အိပ်ယာပေါ်မှာလူးလိမ့်နေတယ် စာအုပ်တွေလည်းဖတ်ချင်စိတ်မရှိ ဘူး။ သံစဉ်အကြောင်းပဲတွေးနေမိတယ် ကျွန်တော်ကလည်းခဏခဏလွဲတတ်လွန်းတော့ ကိုယ့်ကိုကိုယ်လည်းလွဲမှာ ကြောက်မိသည်။
“သားရေ မင်းသူငယ်ချင်းတွေလာနေတယ်ကွ”
ကျွန်တော့်အတွေးတွေ မေမေ့ အော်သံကြောင့်လွင့်ထွက်သွားတယ် ဟိုကောင်တွေလက်ဖက်ရည်ဆိုင်ထိုင်ဖို့လာခေါ်တာပဲ နေမှာ အိပ်ထဲကိုပိုက်ဆံတစ်ထောင်ကောက်ထည့်ပြီးအိမ်ရှေ့ကိုထွက်လာလိုက်တယ်။
“ဟင်”
ကျွန်တော်ထင်သလိုမဟုတ် ကျွန်တော့်ကိုစောင့်နေတာကသံစဉ်ရယ်လေ နည်းနည်းတော့ပျော်သွားတယ် ဘယ်သူပဲဖြစ် ဖြစ်ကိုယ်ချစ်တဲ့သူကိုတွေ့ရင်ပျော်ကြမှာပဲလေ ကျွန်တော်လည်းဒီလိုပဲပေါ့။
“ထူးထူးခြားခြားပါလားဟ နင်ကဘယ်လိုစိတ်ကူးပေါက်ပြီးငါ့ဆီရောက်လာတာလဲ”
“နင့်ကိုလာခေါ်တာလေ ထသွားရအောင် ”
“ဟင်ဘယ်ကိုသွားမှာလဲ ”
“စကား မများနဲ့လာ လိုက်ခဲ့ လမ်းကျမှပြောပြမယ်“
ကျွန်တော် ဘာမှန်းမသိအူတူတူနဲ့ပါသွားတယ် ရောက်လာတော့လည်းချက်ချင်းသံစဉ်စိတ်မြန်လက်မြန်ရှိတတ်တာတော့ ကျွန်တော်သိပြီးသား.ကိစ္စ
“ကဲ ပြောလေ သံစဉ်လမ်းပေါ်ရောက်နေပြီ ဘာကိစ္စရှိလို့ ငါ့ကိုခေါ်ရတာလဲ“
“ဘာလဲနင်ကမလိုက်ချင်လို့လား“
ပြောပြီးသံစဉ်မျက်နှစူပုပ်ပုပ်ဖြစ်သွားတယ်
“မဟုတ်ပါဘူး ဟယ် ငါကသိချင်လို့မေးရုံပါ မပြောလည်းနေပါရပါတယ် နင်သွားရာလိုက်မှာပေါ့”
“အပိုတွေ လာမြန်မြန် ဟိုမှာမေလေးတို့စောင့်နေတယ် သူကသူ့ကောင်လေး နဲ့သွားဖို့ အိမ်ကိုညာလာတာ ငါမလိုက်ရင် လည်းအိမ်ကလွှတ်မှာမဟုတ်လို့ ငါ့ကိုခေါ်လာတာ ငါကသူတို့အတွဲကြား တစ်ယောက်တည်းကန့်လန့်ကန့်လန့် ဖြစ်နေမှာ စိုးလို့ နင့်ကိုအဖော်ခေါ်တာ”
“ဘာပဲဖြစ်ဖြစ် နင်အဖော်ခေါ်ဖို့ သတိရလို့ ငါဝမ်းသာတယ်ဟာ“
သံစဉ်ကမျက်စောင်းလှလှလေးတစ်ချက် ထိုးလိုက်ပါတယ်။ လှလိုက်တာသံစဉ်ရယ် နင်နဲ့ပတ်သက်သမျှကငါ့ကိုအကုန်ဖမ်း စားနိုင်လွန်းတယ်။ သက်ပြင်းကိုဟူးကနဲ ခိုးချလိုက်ပါတယ် အဲ့ဒီမျက်စောင်းလှလှလေးကိုမြင်ပြီး ကျွန်တော့်ရင်ခုန်သံဘယ် လောက်ထိပိုမြန်သွားခဲ့လဲ ဆိုတာ သံစဉ်ကတော့ သိမှာမဟုတ်ဘူး။

လမ်းထိပ်ရောက်တော့ ကျွန်တော်တို့ကိုစောင့်နေတဲ့ မေလေးကိုတွေ့ရပါတယ် ။
“မျက်နှာကြီးကဖြီးလို့ တော်တော်ပျော် နေပုံရတယ်“
“သြော်ပျော်တာပေါ့ဟယ် ကိုယ်ချစ်တဲ့ သူနဲ့လျှောက်သွားရမယ့်ဟာကို ပျော်တာပေါ့ ”
“အေးပါဟာ ဟုတ်ပါပြီပြောမိတာမှားပါတယ် ”
“ငါ့ကိုကျပြောပြီး နင်ကျတော့ မပျော်တာကျနေတာပဲ”
ကျွန်တော်ပြုံးဖြီးဖြီးလုပ်ပြန်လိုက်ပါတယ် ဖြစ်နိုင်ရင် “ငါကနင်ပျော်တာထက် အစပေါင်းများစွာပိုပျော်တယ်လို့ ”ပြောချင်တာ ပါသံစဉ်စိတ်ဆိုးမှာကြောက်လို့ မြိုသိပ်ထားလိုက်ပါတယ်။


ကျွန်တော်တို့ သူ့ကောင်လေးနဲ့ချိန်းထားတဲ့ မြကျွန်းသာကန်ဘောင်ရောက်တော့ အဆင်သင့်စောင့်နေတဲ့ သူ့ကောင်လေး ကိုတွေ့ရပါတယ်။ ကိုယ်နဲ့လဲမသိတာကြောင့်ပြုံးပြလိုက်တာကလွဲလို့ စကားများများမပြောလိုက်ပါဘူး မေလေးရဲ့ကောင် လေးကလည်းမပြောပါဘူး သူ့လည်းသူ့ဟာနဲ့သူကိုယ်လည်းကိုယ့်ဟာနဲ့ကိုယ်ပါပဲ။ သူတို့ထွက်သွားတော့ သံစဉ်ရယ် ကျွန်တော်ရယ်ပဲ ကျန်ခဲ့ပါတော့တယ်။

ကျွန်တော်သံစဉ်ကိုငေးကြည့်လိုက်ပါတယ် တစ်ခါမှစိုက်မကြည့်ဖူးတာကြောင့်နည်းနည်းအို့တိုးအန်းတန်းတော့ဖြစ်မိပါတယ် အဲ့ဒီအချိန်မှာပဲ သံစဉ်ကကျွန်တော့်ကိုကြည့်လိုက်ပါတယ် ကျွန်တော်ကြည့်နေတာတွေ့တော့ သူကကျွန်တော့်ကိုပြန်စိုက် ကြည့်ပါတယ်။ မျက်ဝန်းချင်းဆုံတော့ ကျွန်တော်ခေါင်းငုံ့ပစ်လိုက်ရပါတယ် ကျွန်တော်သံစဉ်နဲ့မျက်လုံးချင်းအကြာကြီးမဆုံ ရဲပါဘူး ။ ခဏတော့တိတ်ဆိတ်နေတယ် နှစ်ယောက်အတူတူသွားဖူးလာဖူးပေမယ့် ရောက်နေတဲ့နေရာက မြကျွန်းသာ ပြီးတော့ သူနဲ့ကျွန်တော်နှစ်ယောက်တည်း။

ကျွန်တော်ရင်တွေပိုခုန်လာပါတယ် သံစဉ်ကတော့ကန်ရေပြင်ကြီးကိုငေးလို့ ကျွန်တော်တို့နှစ်ယောက်ခုထိကန်ဘောင်လမ်း အလယ်တည့်တည်မှရပ်တုန်း လူတွေကတော့ ကျွန်တော်တို့နှစ်ယောက်ကိုလှည့်လှည့်ကြည့်သွားကြသည်။ ကျွန်တော် သက်ပြင်းခိုးချလိုက်ပါတယ် ဒီအချိန်သံစဉ်ဆီကအဖြေတောင်းဖို့အကောင်းဆုံးအချိန်လို့ထင်တယ် ဒါနဲ့ သံစဉ်ကိုပြောဖို့ပါး စပ်အဟ သံစဉ်ကလည်း ကျွန်တော့်ကိုတစ်ခုခုပြောဖို့ထင်တယ်လှည့်အကြည့် လာဆုံနေပြန်တယ်။

“ဘာပြောဖို့လဲ ”
“ဘာမှမဟုတ်ပါဘူး နင်ကရောဘာပြောဖို့လဲ”
“ဘာမှ မဟုတ်ပါဘူး ဟိုကန်စပ်ကမြက်ခင်းပြင်ပေါ်ထိုင်ရအောင်လို့ပြောမလို့ပါ“
“အင်းကောင်းသားပဲ ထိုင်ရအောင်လေ”

ကန်စပ်မှာထိုင်ပြီးတော့ လည်းကျွန်တော်တို့နှစ်ယောက်စကားမပြောဖြစ်ကြပါဘူး ကန်ရေပြင်ကြီးကိုပဲငေးကြည့်ပြီးစဉ်း စားနေမိပါတယ်။ သံစဉ်လည်းကျွန်တော့်အကြောင်းစဉ်းစားနေတာပဲဖြစ်မှာ ကျွန်တော်လည်းသံစဉ်အကြောင်းပဲစဉ်းစားနေ တာ။ ကျွန်တော်အဖြေဘယ်လိုတောင်းရင်ကောင်းမလဲ အကြံထုတ်နေတာပါ သံစဉ်စိတ်ဆိုးမှာလဲကြောက်မိတယ်လေ ပြီး တော့အခွင့်အရေးယူတယ်လည်းထင်နေမှာစိုးလို့။ သက်ပြင်းတွေလည်းဘယ်နှစ်ကြိမ်တောင်ချမိမှန်းမသိတော့ဘူး။
“အမလေး ဖား.ဖား..”
ကျွန်တော်တွေးကောင်းနေတုန်းမှာပဲ အလန့်တကြားအော်သံနဲ့အတူသံစဉ်ခန္ဓာကိုယ်ကကျွန်တော်အပေါ်ဖရိုဖရဲပိကျလာပါ တယ် ကိုယ့်ဘာသာကိုယ်တွေးနေတာကြောင့်ရော မထင်မှတ်တာရောကြောင့် ကျွန်တော်ယိုင်ထွက်သွားပြီး အရှိန်မထိန်း နိုင်တော့ပဲသံစဉ်ရော ကျွန်တော်ပါ လုံးထွေးပြီးကန်ထဲကိုလိမ့်ဆင်းသွားပါတယ်။ ပြန်ထလာတော့နှစ်ယောက်စလုံးရွှဲရွှဲကို စိုလို့ ။အော်သံကြောင့်ရော လိမ့်ဆင်းသွားတဲ့အခြေအနေကြောင့်ရော လူတွေအုံလာပါတယ်။ သံစဉ်ကတော့ ကျွန်တော်ရင် ဘတ်ကိုထုထုပြီးငိုပါတယ်။ ကျွန်တော်ဖြင့်အဲ့ဒီဝိုင်းအုံကြည့်နေတဲ့လူတွေကြားထဲမှာ မျက်နှာကိုပူလို့ သံစဉ်ကိုချော့မော့ပြီး ခေါ်လာတော့လည်းလမ်းတစ်လျှောက်လူတွေကကွက်ကြည့်ကွက်ကြည့်နဲ့ ဟုတ်တယ်လေ ကောင်လေးတစ်ယောက် ကောင်မလေး တစ်ယောက် ရေစိုကြီးတွေနဲ့သွားနေတာဆိုတော့..။

ဘာပဲဖြစ်ဖြစ် အဲ့ဒီနေ့ကစပြီးသံစဉ်နဲ့ ကျွန်တော် မကြော်ငြာရပါပဲချစ်သူတွေဖြစ်သွားကြပါတယ်။ အဖြေဘယ်လိုရသွားလဲ တော့မမေးနဲ့ဗျာ ဒါကလျှို့ဝှက်ချက်ကိုးဗျ ။ ကျွန်တော်ဖားတွေကိုချစ်တယ်ဗျာ တကယ်တကယ် ဒီတစ်ခါ ကျွန်တော့်အလွဲ ကတော့ ကျွန်တော့်အတွက်ဘာနဲ့မှလဲမရနိုင်တဲ့ တန်းဖိုးရှိတဲ့အလွဲပဲဗျာ…။

( ဒီစာလေးကိုကျွန်တော်အရင်ကလည်း ရေးခဲ့ဖူးပါတယ် ကြာပါပြီသတိရလို့ပြန်ရေးတင် လိုက်
တာပါ။ မျက်ရိုးတွေကိုက်နေလို့ကွန်ပျူတာအကြာကြီးမကြည့်နိုင်တာနဲ့ ဒုတိယပိုင်းနောက်
ကျသွားပါတယ်။ ဘလော့တွေလည်းသိပ်မလည်နိုင်တာကိုခွင့်လွှတ်ကြမယ်ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့မရေးတတ်ရေးတတ်နဲ့ရေးထားတဲ့ မကောင်းတကောင်းစာတွေကို
မျက်စိအညောင်းခံဖတ်ပေးကြတဲ့ အစ်ကိုတွေအစ်မတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ )


                                                                                                                            လင်းနေ


Image and video hosting by TinyPic

7 comments:

Ir arriba
စိမ်း... said...

ဟဲ ဟဲ ဖားဖူးစာ ဖားဖူးစား...
မရေးတတ်တဲ့လူကလည်း.. အပိုင်းနဲ့တောင် ခွဲတင်ရတယ်
ဒါပေမယ့် မငြီးငွေ့ပဲ ဖတ်လို့ကောင်းလို့ကောင်းနေရော... :)

ရွှေရတုမှတ်တမ်း said...

ဖားကယ်လို့သာပေါ့....သူဟာသူဆို..ဒါလောက်မစွမ်းဘူး

အနော် said...

တော်သေးတာပေါ့ happy ending လေး ဖြစ်သွားလို့ ဟိဟိ
ရေကန်ထဲ ချရလောက်တဲ့အထိ ဖားကြောက်ရသလား ဟိ
အနော်လဲ ဖားကြောက်တယ် ဖားဆိုတဲ့အမျိုးကလဲ ရွံ့စရာကောင်းတာကိုး
ဒါပေမဲ့ ကိုလင်းနေကတော့ ချစ်နေမှာပါ
အော် ဖားဖူးစာ ဖားဖူးစာ အောင်သွယ်တော် ဖားပါလား :)))

ကာရံဆူး said...

အော် ကိုလင်းနေရေ... ပျော်ရွှင်စရာလေး ဖြစ်သွားတာပေါ့နော်...ဖားကို ကျေးဇူးတင်ရမှာနော်.. ဖားဖူးစာ...ရေ

ဝက်ဝံလေး said...

ဟဲ့ ငါပြောတာ မှန်တယ်မလား လင်းနေ စက်ဘီးတခုခုဖြစ်တော့မယ်ဆိုတာလေ နင်လေ ဆက်ပြီးလွဲဦးလေ မရပေးပါနဲ့ဦးလား ဟဲ့ ဟွင်းးးးးး နီကိုရဲလို နင်လဲ ပြာတာရဲ တို့ ညိုတိုရဲ တို့ လုပ်ပါလား ဒါမှမဟုတ်လဲ မဲကိုရဲ ပေါ့ဟယ် ကောင်းဘူးလား ဟားဟားးးးးးးး

ဘာပဲပြောပြောပါ ဟယ် ဖတ်လို့တော့ ကောင်းတယ် သိလား ဂယ်ပြောတာ စိမ်းပြောသလိုပဲ ဖားဖူးစာပေါ့နော် အမလေး နင့်မလဲ ဖူးစာတောင် ရိုးရိုးဖူးစာမဟုတ်ဘူး များဂါတွေလို ရိုမန်တစ် ဆန်ဆန်လေး ဖူးစာပါ့လား ခိခိ စ တာပါတယ် နင့်ကို ခင်လို့ စ သွားတယ်သိလား ဘိုင် တာ့တာ

မဆုမွန် said...

အခုမှ မှတ်မိတယ် အဲ့နေ့က ကန်ထဲ ပြုတ်ကျတာ ကိုလင်းနေတို့ကိုးးး:):):P

Anonymous said...

သြော်.... သူများတွေများနော်... ကံကောင်းချက်များ.....။

Post a Comment

အခုလို တခုတ်တရ လာရောက်မှတ်ချက်ပြုတာကို
ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့အားလုံးစိတ်၏
ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ..။

welcome from my love home

အကြံပေးလိုလျှင် deathnote.LLLLLL@gmail.com


အော်လံ

သူတို့မှတ်ချက်တွေ

ရိုးရာတို့ပျင်းချိန်

BloggerStop

တမင်လမ်းမှားကြ သူများး)))

 
 

Diseñado por: Compartidísimo
Con imágenes de: Scrappingmar©

 
Ir Arriba