Wednesday, September 23, 2009

ဧည့်ခန်းထဲကအတိတ်

| |

ငါယုံကြည်ချက်တွေဘယ်ဆီရောက်သွားလဲ ?
မျှော်လင့်ချက်တွေေ၀၀ါးသွားတယ်


ပြန်မလာပါနဲ့
ငါမမျှော်လင့်တော့ဘူး

မျှော်လင့်ချက်မနက်ဖြန်တွေအားလုံးငါ့အတွက်မရှိတော့ဘူး
ပေးဆပ်ခဲ့သမျှအားလုံးရှုံးသွားတယ်ကွာ

ငါ့အိမ်မက်မနက်ဖြန်တွေအားလုံးမင်းဖျက်စီးပစ်လိုက်တယ်
စကားလုံးတွေနဲ့ပါ ။.....။

အပြုံးမပါတဲ့နှုတ်ဆက်ခြင်းမျိုးနဲ့
သူနဲ့အဝေးဆုံးကိုငါပြေးထွက်ခဲ့တယ်

ယောက်ျားတစ်ယောက်ရဲ့မာနကိုနင်းခြေနိုင်ခဲ့တဲ့မင်း အောင်နိုင်သူတစ်ယောက်ရဲ့အပြုံးမျိုးနဲ့ဂုဏ်ယူနေလိုက်စမ်းပါ

ငါ့အပေါ်မယုံကြည်ခဲ့တဲ့မင်းအပေါ်
ထားခဲ့မိတဲ့ငါ့ရဲ့သစ္စာတရားတွေကို မီးရှို့ လိုက်ပြီ

ကျိုးပဲ့သွားတဲ့အိမ်မက်အပိုင်းအစတွေကို
ဘယ်တော့မှပြန်ဆက်တော့ဘူး သင်ခန်းစာတစ်ခုအဖြစ်နဲ့အမြဲအမှတ်ရနေအောင်ဘောင်ခတ်ပြီးဧည့်ခန်းနံရံမှာချိတ်ထားမယ်။Image and video hosting by TinyPic

6 comments:

Ir arriba
စိမ်း... said...

melody သာရှာထည့်လိုက်ရင် ကိုယ်ပိုင်သံစဉ်သီချင်းကောင်းတစ်ပုဒ်ရပြီ

မိုးစက်ပွင့်လေး said...

ဧည့်ခန်းနံရံမှာချိတ်ထားနေရင် မြင်နေရမှာပေါ့..မြင်နေရင် သတိယနေရအုံးမယ်..
ကြာပါတယ် ..မီးသာရှို့ ပလိုက်ပါတားရာ.. :DDDDDDDDDDDDD

ကိုရင်နော်ခင်လေးငယ် said...

အဲ့ဗျာ.. ဟုတ်ပါ့.. သီချင်း တစ်ပုဒ်လိုပါပဲလား..
ကောင်းလိုက်လေ...
ဝမ်းသာအားရ ဖက်လဲတကင်း ကြိုဆိုပါတယ်နော်..
စာတွေ ကဗျာတွေ အများကြီးရေးပြီး အောင်မြင်တဲ့ ဘလော့တစ်ခု ဖြစ်လာပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

Unknown said...

ထပ်တူခံစားသွားပါတယ်
ထပ်တူလိုလည်း ခံစားရပါတယ်.. တိုက်ဆိုင်နေတယ်ဗျာ...

အချစ်ကို ကြောက်နေမိသလိုပဲ...

အချစ်ကို မယုံရဲတော့ဘူးဗျာ....

ပူးတေ said...

အသဲကွဲနေတာထင်တယ်။ လာဖတ်သွားပါတယ်

Angel Shaper said...

လှလိုက်တဲ့ စာသားတွေ။ လွတ်လပ်တယ်။ မိုက်စ့်တယ်။
အဆင်ပြေပါစေ။ ဒီလိုပါပဲ... ခံစားချက်ဆိုတာ... သင်ခန်းစာယူရင်းးးး ပိုတတ်ကျွမ်းလာကြတာပဲ မို့လားးးးးးးး

Post a Comment

အခုလို တခုတ်တရ လာရောက်မှတ်ချက်ပြုတာကို
ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့အားလုံးစိတ်၏
ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ..။

welcome from my love home

အကြံပေးလိုလျှင် deathnote.LLLLLL@gmail.com


အော်လံ

သူတို့မှတ်ချက်တွေ

ရိုးရာတို့ပျင်းချိန်

BloggerStop

တမင်လမ်းမှားကြ သူများး)))

 
 

Diseñado por: Compartidísimo
Con imágenes de: Scrappingmar©

 
Ir Arriba