Friday, September 25, 2009

ရင်တုန်ပန်းတုန်ဖြစ်ရတဲ့နေ့

| |

မြကျွန်းသာကြီးက တိတ်ဆိတ်သလိုခံစားနေရသည် ခံစားမှု့တွေဘယ်လောက်ပဲသွန်
ချခဲ့ သွန် ချခဲ့မြကျွန်းသာကြီးကတော့ပြောင်းလဲမသွား..။ မြကျွန်းသာကြီးလိုတည်ငြိမ်
ချင်သည် ကိုယ့်ခံ စားချက်နှင့်ကိုယ် ရင်ဘတ်ထဲကလှိုက်မောနေသည် သက်ပြင်းတွေ
လည်း ဘယ်နှစ်ကြိမ် မြောက်ချမိမှန်းမသိ.. သစ်မြစ်ပေါ်ထိုင်ထား၍တင်ပါးတွေလည်း
ကျိန်းစပ်နေသည် ကျောမှီထား သောသစ်ပင်ကလည်း ပူနေပြီ ဒါပေမယ့် ရင်ထဲက
အပူကိုတော့ မှီမယ်မထင်…။

သူများတွေက မြကျွန်းသာကို အတွဲတွေကိုယ်စီနှင့်လာကြသည် ကျွန်တော်ကတော့
တစ် ယောက်တည်း ခံစားချက်တွေ လာရောက်ပွင့်အံခြင်းဖြစ်သည်။ အမှတ်တရများ
စွာတွင် ဒီမြ ကျွန်းသာကြီးကလည်း အမှတ်တရဖြစ်ခဲ့ဖူးပါသည်။ ဒီနေရာမှာ ပါးပြင်
နွေးနွေးလေး၏အငွေ့အ သက်တစ်ချို့ နှင့်သာမန်ထက် ခုန်နှုန်ပိုသောရင်ခုန်သံများ
ရှိခဲ့ဖူးပါသည်။ အဲ့ဒီမြင်နေရသော သစ်ပင်လေးတွေ မြက်ပင်လေးတွေ ငှက်အော်သံ
လေးတွေ ချစ်သူတို့၏တီးတိုးတီးတိုးတွတ် ထိုးသံလေးတွေက ကျွန်တော်တို့အတွက်
တွတ်ထိုးစရာလေးတွေ ဖြစ်ခဲ့ဖူးပါသည်။


တကယ်တော့ ဒီနေရာတွင် ကျွန်တော့်ရဲ့ကျန်ရစ်ခဲ့ပြီးသော အတိတ်ဟောင်းလေး
တစ်ပုဒ်နှင့် လတ်လတ်ဆတ်ဆတ်ဒဏ်ရာတစ်စုံရှိနေပါသည်။ တကယ်တော့ ကိုယ်ခံ
စားချက်နှင့်ကိုယ် ကျွန်တော်မြကျွန်းသာထဲရောက်နေခြင်းဖြစ်သည်အတွဲတွေကတော့ ချောင်ကျသောနေရာတွင် ကြည်နူးနေပြီး ကျွန်တော်ကတော့ ချောင်ကျသောနေရာ
တွင်ထိုင်၍ ကြေကွဲခန်းဖွင့်နေခြင်းဖြစ် သည်။
“မောင် အရမ်းမလှန်နဲ့လေ ..”
ကိုယ့်အပူနှင့်ကိုယ်..ဆွေးကောင်းနေချိန်တွင် နောက်တည့်တည့်မှကြားလိုက်ရသည့်
အသံ ကြောင့် ကျွန်တော်ခေါင်းထောင်သွားသည်။
“ဟော..ကြည့်သူ့ဟာကြီးနဲ့ထိုးပြန်ပြီ”
ဟင်.. ကျွန်တော် ခေါင်းမွှေးတွေထောင်တက်ကုန်သည် ဘာတုန်းဟ သိချင်စိတ်ကတ
ဖွားဖွား တက်လာသည်။ နေရာမှအသာအယာလေးထလိုက်သည် ကြေကွဲနေတာတွေ
တောင် ဘယ် ရောက်ကုန်မှန်းမသိ..။
“ပြောနေတာတောင် အရမ်းမထိုးနဲ့လေကွာ နာတာပေါ့.”
ဟင် ဇာတ်ရှိန်ကတော်တော်မြင့်နေပုံရသည် အသာလေးခြေဖျားလေးထောက်ပြီးလှမ်း
ကြည့် သည်ရိပ်ရိပ်. ရိပ်ရိပ်နှင့်ဘာမှန်းတော့သေချာမမြင်ရ..။
“.အဲ့လို..ကြီးလည်းအရမ်းမလှန်နဲ့လေ ဒီမှာပေါင်တွေကားနေပြီ”
“ဗုဒ္ဓေါ” ဘုရားအကြိမ်ကြိမ်တမိသည် ဒီအတွဲဘာမဟုတ်တာတွေလာလုပ်နေတာတုန်း
ကျွန် တော်လည်းယောကျာ်းလေးပဲ စိတ်ဝင်စားမှု့ကငယ်ထိပ်ထိစောင့်တက်လာသည်။
ဝါး တားဝါးတားနှင့်မမြင်ရ အားမလိုအားမရဖြစ်လာသည် သေချာရှေ့ကိုအသေအချာ
တိုးကြည့် လိုက်သည်။
“အို..မောင်ကလည်း သူ့အသားမဟုတ်တိုင်း အရမ်းအရမ်း မလုပ်နဲ့လေကွာ”
လည်ချောင်းတွေ ခြောက်ကာရေတောင်ငတ်လာသည် ကျွန်တော်ထိုင်နေသည်ကသစ်
မြစ်ဆုံ ဘေး ကြားနေသည်ကသစ်မြစ်ဆုံရဲ့နောက်ဘက်က သစ်မြစ်ဆုံပေါ်တက်ကြည့်ဖို့
ကလည်းမဖြစ် နိုင်ဘေးကပတ်ကာချောင်းကြည့်တော့ အပင်တွေနှင့်ကွယ်နေသည်။ ထိုအပင်တွေကိုပင်အကာ အကွယ်ယူကာရှေ့ကိုဆက်တိုးလိုက်သည်။ သစ်ပင်က အိကနဲဖြစ်ကာရှေ့ကိုယိုင်ထွက်သွား သည် လူက ဟန်ချက်ပျက်ကာရှေ့ ကိုဟပ်ထိုးကြီး
လဲကျသွားသည်။ ဖြစ်ချင်တော့ ကျွန်တော် လဲကျ သွားသည်က ထိုအတွဲအပေါ်သို့..။

အချိန်က ခဏလေးပေမင့် ၀ရုန်းသုန်းကားတွေဖြစ်ကုန်သည် “အား အမယ်လေး“သံ
တွေဆူညံ ကုန်သည်။
“ဟေ့ကောင်မင်း ဘာလုပ်တာလဲဗျ“
အစ်ကိုကြီး၏ ဒေါသထွက်သံစူးစူးရှရှကပေါ်လာသည်
“အရှိန်လွန်သွားလို့ပါဗျာ မတော်လို့ပါဆောရီးပါ “
“အရှိန်လွန် သွားရအောင် မင်းက ဘာလုပ်လို့လဲ“
“ချောင်းကြည့်တာလေ အစ်ကိုတို့ကအသံတွေထွက်နေတော့ ကျွန်တော်လည်း စိတ်
ဝင်စားပြီး ချောင်းကြည့်တာပါ “
“ဘာ..ကွ”
“ဟုတ်တယ်လေ အစ်ကိုကြီးတို့ဆီပဲ “အရမ်းမလှန်နဲ့လေ “ “ဟောကြည့်သူ့ဟာကြီးနဲ့
ထိုးပြန်ပြီဆို တော့ကျွန်တော်လည်းစိတ်ဝင်စားပြီးကြည့်တာပေါ့ “
“ဟေ့ကောင်းမင်းတော်တော့ ငါတို့ဘာမှမဟုတ်တာမှလုပ်တာမဟုတ်ဘူးကွ ဒီမှာတွေ့
လား တုတ် ချောင်း အေး အဲ့ဒီတုတ်ချောင်းနဲ့ဟောဒီဖားကို ပက်လက်လှန်ပြီးအထီးအမ
ခွဲကြည့်နေတာ“
ဟုတ်ပါရဲ့ ကြည့်လိုက်တော့အစ်ကိုကြီးလက်ထဲမှာကကောအစ်မကြီးလက်ထဲမှာကော
တုတ် ချောင်းတစ်ချောင်းဆီနှင့်အောက်မှာတော့ ခပ်မျော့မျော့သာကျန်တော့သော
ဖားတစ်ကောင် သက်သေခံလျှက်ရှိသည်။
“သိမှ မသိပဲဗျအသံကြားတော့ တစ်မျိုးထင်တာပေါ့”
ထိုနေရမှတောင်းတောင်းပန်ပန်ထွက်ခဲ့ရသည် ကိုယ့်ဟာကိုယ်ကြေကွဲနေတာတွေ
လည်းဘယ်ဆီ ရောက်ကုန်မှန်းမသိ သူ့တို့ကလည်းဘယ်နှယ့်ချစ်သူချင်းလာချိန်းတွေ့
တာကို ဖားများအထီးအမ ခွဲငြင်းနေရတယ်လို့ ပြောပါလား ချစ်စကားတီတီတာတာ
ခုတော့ သူများ အထင်လွဲစရာရင် တုန် ပန်းတုန်ဖြစ်ရနဲ့ လွမ်းနေတာတွေတောင်ဘယ်
ရောက်ကုန်မှန်းမသိ သြော်အသဲကွဲတာတောင် ကောင်းကောင်းမကွဲရအောင်ကိုလွဲပါ
လားနော်…ငါနှယ်…။

လင်းနေ

Image and video hosting by TinyPic

14 comments:

Ir arriba
ပူးတေ said...

လာဖတ်သွားတယ်။

မိုးစက်ပွင့်လေး said...

ဟသုံးလူံ ရီသွားပါတယ် တားတားရေ.....
တားတားကလဲနော်.. ဆိုးပီ...နောက်ကို မြကျွန်းသာကို သွားမဆွေးနဲ့ တော့နော်...
ဒါထက်ဆိုးနေမှာဆိုးလို့ ပါ....:PPPPPPPPPPP

Unknown said...

ဟားဟား....

အသဲကွဲတာတောင် ၀ါသနာက မပျောက်သေးဘူးကိုး............

နောက်ဆို သတိထားပေါ့...

စိတ်လွတ်ကိုလွတ် ရီသွားတယ်ဗျို့... သဘောကျမိပါတယ်...

ပျော်ရွှင်ပါစေဗျာ...

အနော် said...

ဟား ဒီပို့စ်ကတော့ တကယ့်ကို မပြုံးဘဲ ဝါးလုံးကွဲရီမိတာပဲဗျို့
ငယ်ငယ်တုန်းက ကျောင်းပြေးပီး ပန်းခြံထဲ အတွဲလိုက်ချောင်းတာ ပြန်အမှတ်ရမိတယ်
ဒါပေမဲ့ အဲ့လိုတော့ မဖြစ်ဖူးဘူး သမ္ဘာရင့်နေလို့လား မသိ
တော်သေးတာပေါ့နော် ဟိုက ဘာမှမလုပ်လိုက်တာ ခွိခွိ

kiki said...

ရင်တွေရော ပန်းတွေရော တကိုယ်လုံး တုန်သွားတာပဲ ကွယ် ...ဟီးဟီးဟီး ..
ဖါးကလေး ခမျာ သနားစရာ .....

မဆုမွန် said...

ဟဟဟဟဟဟ အားရပါးရ ရယ်သွားတယ် စိတ်ရူပ်နေတာတောင် ပျောက်သွားတယ် တော်တော်ရယ်ရတယ် ဖားလေး သနားပါတယ်

စိမ်း... said...

:O

Angel Shaper said...

ဟဟဟားးးးးးးးးးးးးးးးးးးးးးးးးး ရင်တုန် ပန်းတုန် ဖြစ်သွားပါတယ်။

ရွှေရတုမှတ်တမ်း said...

မောင်ကလဲ လှန်ရတာဝါသနာပါတယ်ထင်ပါ့

ကာရံဆူး said...

ရင်တုန်ပြီး တသိမ့်သိမ့်ရယ်သွားပါသည်...၀ါသနာကို ဖျောက်နော်...အသည်းကွဲတာထက် ခေါင်းကွဲနေမယ်..ဟိဟိ

အချစ်မဲ့ဂစ်တာ said...

အော်.. လင်းနေ လင်းနေ.. တော်သေးတာပေါ့ကွာ.. ဖားဖြစ်နေလို့.. မဟုတ်ရင်တော့လား.. ဒါနဲ့ မြကျွန်းသာလို့ ပြောတော့ တစ်ခုခုကို သတိရမိသလိုလို..

ကြယ်ကလေးချစ်သူ said...
This comment has been removed by the author.
Anonymous said...

အဲဒါတကယ်လားဟင် ။ အပြင်မှာဒီထက်ပိုရီရမှာဘဲနော။

KyalkalayChitthu

ဝက်ဝံလေး said...

ရီလိုက်ရတာ လင်းနေ ရယ် ဟိဟိ နင်တော့လေ တော်တော်ဝါသနာကြီးပါလား နင့်ဟာနင် ဆွေးပါ့လား ဘယ့်နှယ့် အတွဲသွားချောင်းတာတုံး နောက်တခါ ဆို နင်တော့မလွယ် ဘူး ဟိဟိ

Post a Comment

အခုလို တခုတ်တရ လာရောက်မှတ်ချက်ပြုတာကို
ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့အားလုံးစိတ်၏
ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ..။

welcome from my love home

အကြံပေးလိုလျှင် deathnote.LLLLLL@gmail.com


အော်လံ

သူတို့မှတ်ချက်တွေ

ရိုးရာတို့ပျင်းချိန်

BloggerStop

တမင်လမ်းမှားကြ သူများး)))

 
 

Diseñado por: Compartidísimo
Con imágenes de: Scrappingmar©

 
Ir Arriba